ရာသီစာ အလွမ်း

Monday, June 21, 2010

11 comments


ဟိုး..မိုးမြင့်တောင်တန်းဆီက
ပြိုတော့မယောင်လွမ်းနေတဲ့
ခပ်နွမ်းနွမ်းတိမ်တိုက်တွေလို
အလွမ်းရင့်ရင့် ရာသီမှာ
ပန်းပွင့်တွေကို စာစီရင်း
ရင်တွင်းက တမ်းတမျှော်လင့်
တကယ်တမ်း ဆုံဆည်းခွင့်ဟာ
အိပ်မက်မြေရဲ့  တစ်နေရာ….

ကြက္ကဒိန်မန်(မွန်ပြက္ကဒိန်)

Wednesday, January 20, 2010

13 comments
ကံကောင်းခြင်းလက်ဆောင်များနှင့် နှစ်သစ် ၂၀၁၀ ဖြစ်ပါစေ။ နောက်ကျဆုတောင်းနှင့်အတူ လာလည်ကြတဲ့ သူငယ်ချင်းများကို ၂၀၁၀ ခုနှစ်ထုတ် မွန်ပြက္ကဒိန် (ကြက္ကဒိန်မန်) လက်ဆောင်ကမ်းလိုက်ပါတယ်။

ခင်မင်ခြင်းများစွာနှင့်





P.S ၂၀၁၀ မွန်ပြက္ကဒိန် ကို သူငယ်ချင်း က တဆင့် လက်ခံရရှိပါတယ်။ မူရင်းပိုင်ရှင် ကို အထူးကျေးဇူးတင်ပါကြောင်း။

လှမ်းကြည့်ညှိ

Monday, December 28, 2009

21 comments
Credit to http://www.wunderground.com/


လေညှင်းခတ်တဲ့ တိမ်တစ်စအဖြစ်နဲ့ 
ကောင်းကင်ရင်ခွင်မှာ ကကြိုးကကွက်ခင်း
လင်းထင်းဖြာကျော့ မင်းယိမ်းနွဲ့ လိုက်တဲ့အခါ
ကြွေဆင်းကျလာတဲ့ တိမ်ရိပ်ဖြူတရုံနဲ့ တင်
နှလုံးသားဥယျာဉ်မှာ ကျေနပ်နေမဲ့သူ.....

မှော်ပန်းချီထဲကလို တိမ်တွေအရောင်ပြောင်း
နှလုံးသားရာသီမှာ ဆေးစက်မှောင်သွားတဲ့အခါ
ချစ်ခြင်းနှင့်ပျိုးခဲ့တဲ့ တိမ်နွယ်မျှင်တန်းတွေ
ပြတ်တောင်းကျိုးရှ သွန်းဖြိုးချလိုက်မှာကို
ရင်စီးခံမြေပြင်မှာ စိုးထိတ်နေခဲ့တဲ့သူ.....

ခြစားသက္ကရာဇ်မှာ မပြောင်းလဲတတ်သူကိုမှ
သချာင်္ပုဒ်စာတစ်ပုဒ် အဆင့်ကျော်တွက်သလို
ယုံကြည်ခြင်းအနာတရ မနောမှာဖြစ်လွယ်ခဲ့ရင်
ရင်ဘတ်ထဲကမှန်တစ်ချပ်နှင့် လှမ်းကြည့်ညှိ
ကိုယ့်ဝိညာဉ်မမင် ကျွမ်းလောင်ပင်လယ်ပြင်နှင့်
တိမ်လိပ်ပြာတွေ ကောင်းကင်ယံမှာပျံဝဲသက်သေ.....



(ဘလော့နှင့် တစ်လကျော်ကျော်ဝေးခဲ့ပြီးပြီး...နောင်လည်း ဆက်ဝေးဖြစ်နေအုံးမယ်...အလုပ်သစ်မှာ လူသစ် နေရာသစ်နဲ့  နေသားကျလုလု... အဲဒါနဲ့  သံယောဇဉ်မပြတ်တဲ့ ဒီဘလော့ပေါ် ကဗျာတစ်ပုဒ် ချရေးဖြစ်မိတယ်...ကဗျာလို့ မည်ပါ့မလားမသိ :D သတိတရနဲ့ လာလည်ကျတဲ့ ချစ်သူငယ်ချင်းတွေအားလုံးကို ကျေးဇူးပါဗျာ )
 

Posts Comments

©2006-2010 ·TNB