
လေညှင်းခတ်တဲ့ တိမ်တစ်စအဖြစ်နဲ့ 
ကောင်းကင်ရင်ခွင်မှာ ကကြိုးကကွက်ခင်း
လင်းထင်းဖြာကျော့ မင်းယိမ်းနွဲ့ လိုက်တဲ့အခါ
ကြွေဆင်းကျလာတဲ့ တိမ်ရိပ်ဖြူတရုံနဲ့ တင်
နှလုံးသားဥယျာဉ်မှာ ကျေနပ်နေမဲ့သူ.....
မှော်ပန်းချီထဲကလို တိမ်တွေအရောင်ပြောင်း
နှလုံးသားရာသီမှာ ဆေးစက်မှောင်သွားတဲ့အခါ
ချစ်ခြင်းနှင့်ပျိုးခဲ့တဲ့ တိမ်နွယ်မျှင်တန်းတွေ
ပြတ်တောင်းကျိုးရှ သွန်းဖြိုးချလိုက်မှာကို
ရင်စီးခံမြေပြင်မှာ စိုးထိတ်နေခဲ့တဲ့သူ.....
ခြစားသက္ကရာဇ်မှာ မပြောင်းလဲတတ်သူကိုမှ
သချာင်္ပုဒ်စာတစ်ပုဒ် အဆင့်ကျော်တွက်သလို
ယုံကြည်ခြင်းအနာတရ မနောမှာဖြစ်လွယ်ခဲ့ရင်
ရင်ဘတ်ထဲကမှန်တစ်ချပ်နှင့် လှမ်းကြည့်ညှိ
ကိုယ့်ဝိညာဉ်မမင် ကျွမ်းလောင်ပင်လယ်ပြင်နှင့်
တိမ်လိပ်ပြာတွေ ကောင်းကင်ယံမှာပျံဝဲသက်သေ.....
(ဘလော့နှင့် တစ်လကျော်ကျော်ဝေးခဲ့ပြီးပြီး...နောင်လည်း ဆက်ဝေးဖြစ်နေအုံးမယ်...အလုပ်သစ်မှာ လူသစ် နေရာသစ်နဲ့  နေသားကျလုလု... အဲဒါနဲ့  သံယောဇဉ်မပြတ်တဲ့ ဒီဘလော့ပေါ် ကဗျာတစ်ပုဒ် ချရေးဖြစ်မိတယ်...ကဗျာလို့ မည်ပါ့မလားမသိ :D သတိတရနဲ့ လာလည်ကျတဲ့ ချစ်သူငယ်ချင်းတွေအားလုံးကို ကျေးဇူးပါဗျာ )
21 comments:
ကဗျာကိုမရေးတတ်ပေမဲ့
ခံစားတတ်သလို မန့်လိုက်မယ်
သူများကဗျာတွေလာဖတ်ရင်
အားငယ်ထှာ
း(((((((((
မရေးတတ်လို့
ခြစားသက္ကရာဇ်ဆိုတာဘာလဲငှင်
ကဗျာကိုဖျက်စီးတာမဟုတ်ပါဘူးဟယ်
ဂယ်မသိလို့မေးတာနော်။
ဟိ
နောက်တာနောက်တာ
ဖတ်ကောင်းတာဘဲသိတယ်
မမန့်တတ်ဘူးအေ့
မှော်ပန်းချီထဲကလို တိမ်တွေအရောင်ပြောင်း
နှလုံးသားရာသီမှာ ဆေးစက်မှောင်သွားတဲ့အခါ
ချစ်ခြင်းနှင့်ပျိုးခဲ့တဲ့ တိမ်နွယ်မျှင်တန်းတွေ
ပြတ်တောင်းကျိုးရှ သွန်းဖြိုးချလိုက်မှာကို
ရင်စီးခံမြေပြင်မှာ စိုးထိတ်နေခဲ့တဲ့သူ.....
ကိုနွန်ကြီးက စိုးထိတ်နေရတဲ့ သူ ဖြစ်နေပြီလားဗျ
ဘာဖြစ်ဖြစ် စိုးထိတ်ခြင်းကင်းဝေးပါစေဗျာ . . .
ငါ့မောင်လေးက ကဗျာရေးကောင်းတယ်ဟ ... စာသားလေးတွေကလန်းတယ် ....
အားတဲ့အချိန်လာပါ ကိုတလရာ အားလုံးမောင်နှမတွေပဲဟာ
ငမူးဆို သုံးလကျော်လောက်ကင်းကွာနေတာ
ပြန်လာသေးတာပဲ လုပ်ပါ ကိုတလရာ
အရင်လိုလေးပဲ လုပ်စမ်းပါ ဗျာ
မအားလည်း အိမ်လေးတော့မပိတ်ထားပါနဲ့ ဗျ
အားတဲ့ အချိန် စာလေးရေးပေါ့ ဟုတ်ဘူးလားဗျာ
အားတဲ့အချိန်လာပါ ကိုတလရာ အားလုံးမောင်နှမတွေပဲဟာ
ငမူးဆို သုံးလကျော်လောက်ကင်းကွာနေတာ
ပြန်လာသေးတာပဲ လုပ်ပါ ကိုတလရာ
အရင်လိုလေးပဲ လုပ်စမ်းပါ ဗျာ
မအားလည်း အိမ်လေးတော့မပိတ်ထားပါနဲ့ ဗျ
အားတဲ့ အချိန် စာလေးရေးပေါ့ ဟုတ်ဘူးလားဗျာ
အားတဲ့အချိန်လာပါ ကိုတလရာ အားလုံးမောင်နှမတွေပဲဟာ
ငမူးဆို သုံးလကျော်လောက်ကင်းကွာနေတာ
ပြန်လာသေးတာပဲ လုပ်ပါ ကိုတလရာ
အရင်လိုလေးပဲ လုပ်စမ်းပါ ဗျာ
မအားလည်း အိမ်လေးတော့မပိတ်ထားပါနဲ့ ဗျ
အားတဲ့ အချိန် စာလေးရေးပေါ့ ဟုတ်ဘူးလားဗျာ
လှလိုက်တဲ့ ကဗျာ။
လျော့ပြီး ဝေဖန်ပါဆိုလို့..ဝေဖန်လိုက်မယ်နော်။
(ဘာတွေ ရေးထားမှန်းမသိဘူး) ဟိဟိ။
ကဲပါလေ....
ခြစားသက္ကရာဇ်မှာ မပြောင်းလဲတတ်တဲ့ သူကို
ကောင်းကင်ယံမှာ ပျံဝဲနေတဲ့ တိမ်လိပ်ပြာတွေနဲ့ သက်သေပြုခဲ့လို့ ယုံစားလိုက်မယ်တဲ့။
ငါပြောတာ မဟုတ်ဘူးနော်။ ပွင့် ပြောတာ။ ဟဲဟဲ
မောင်လေး တလနွန် ရေ အားတဲ့အခါ လေးတော့ ရေးပါအုန်းနော်။ ဘာရေးရေး ဖတ်ပါ့မယ်။
အခု ကဗျာလေးကလည်း အရမ်းကောင်းတယ်
"ရင်ဘတ်ထဲကမှန်တစ်ချပ်နှင့် လှမ်းကြည့်ညှိ"
ဆိုတဲ့ အကြောင်းလေးကိုအကြိုက်ဆုံးပဲ :)
ညီ ကဗျာ မည်ပါ၏ . . . အ၇မ်းလဲ ကောင်းပါ၏ တတ်နိုင်သမျှ ဆက်ရေးပါ အားပေးနေဆဲပါပဲ
ကဗျာလေး ခံစားသွားတယ်
အလုပ်မှာလဲ အဆင်ပြေပါစေ
ဘလော့ပေါ်လဲ တက်လာနိုင်ပါစေ
လေးစားလျက်
တောင်ပေါ်သား
ကောင်ကြီးရေ.... ကဗျာလေးကို ရင်ဘတ်ကြီးနဲ့ ဖတ်သွားပါတယ်။
အောက်မှာ မှတ်ချက်ရေးထားတဲ့ စာရဲ့အရောင်က ဖတ်လို့ အဆင်မပြေဘူး။ မနည်း ပြူးပြဲဖတ်ရတယ်။ အရောင်လေး ပြောင်းလိုက်ရင် ပိုအဆင်ပြေမယ်ထင်တယ်။
အောက်မှာ မှတ်ချက်ရေးထားတဲ့ စာရဲ့အရောင်က ဖတ်လို့ အဆင်မပြေဘူး။ မနည်း ပြူးပြဲဖတ်ရတယ်။ အရောင်လေး ပြောင်းလိုက်ရင် ပိုအဆင်ပြေမယ်ထင်တယ်။
ဘာတွေ စိုးထိတ်နေတာလဲဟ
ခံစားထားတာကတော့ ကြွရွနေပါရောလား
ငါ့မောင်လေး
အစ်မဖို့ယောင်းယောင်းတွေ့ထားပြီလား
နွန်နွန်ရေ
ကဗျာလှလှလေး လာဖတ်သွားပြီ..
ကဗျာအောက်ကစာသားအရောင်ကို ပြင်လိုက်ပါလား ဖတ်ရတာ အဆင်မပြေလို့..
ခင်မင်စွာဖြင့်
သီဟသစ်
>>မမေလေး>>လာဖတ်မန့် ပေးတာ ကျေးဇူး :)
>>ညီလေးမိုးစက်>>စိုးထိတ်ခြင်း ကင်းဝေးပါတယ် :P
>>မကြယ်ပြာ>>ကိုယ့်မောင်လေး မို့ လို့  မြှောက်နေတာဟုတ် :D
>>သယ်ရင်းအိုက်ခီ>>အားတဲ့အချိန်ရေးပါ့မယ်..သံယောဇဉ်က မပြတ်ဘူးဗျ
>>အိန်ဂျယ်>>ငါ့ကဗျာကို နားမလည်ဘူးတဲ့..ရှင်းရှင်းလင်းလင်း ရေးနိုင်အောင် ကြိုးစားပါ့မယ်ဟ
>>မခရေညို>>ကျနော့ရေးတတ်မရေးတတ်တဲ့ကဗျာလေးကို ကောင်းတယ်လို့ ပြောပေးတဲ့အတွက် ကျေးဇူး :D
>>ကိုဗညားရှိန်>>ကဗျာလို့ မည်တယ်ဆိုလို့ ဝမ်းသာပါတယ်..
>>တောင်ပေါ်>>ဆုတောင်းပေးတဲ့အတိုင်း ပြည့်ဝရပါစေဗျာ
>>ငချမ်းကောင်>>အရောင်ပြောင်းလိုက်ပါပြီး..ရင်ဘတ်နဲ့ ခံစားပေးတယ်လို့ ကျေးဇူး :P
>>မမြ>>ယောင်းယောင်းဆိုလို့  ဆောက်ဖြစ်မှ ကျောင်းဒကာ ဆိုတဲ့အတိုင်း..
>>ဦးသစ်>>အရောင်ပြောင်းလိုက်ပါပြီးခင်ဗျ..လာလည်ပတ်ပေးခဲ့အတွက်ကျေးဇူး:)
အားပါး ဒီလောက်ကဗျာက မော်ဒန်ဆန်နေတာ...
ကဗျာမမည်ဘူး ပြောရသလားဗျ...
ကဗျာမှ ကဗျာစစ်စစ်
အနှစ်တွေ ထည့်ပေါင်းထားလို့
ခရစ်နှစ်တွေတောင် ပျောက်သွားလောက်တဲ့
ကောင်းလိုက်တဲ့ ကဗျာ...
ကဗျာလေးရေးထားပုံလေးက တမျိုးလေးပဲ .....
အားပေးသွားပါတယ်ဗျာ ...
အကြီးအကျယ်အော်သွားပါသည်။
အမည်မဖော်လို သူ ဦးသီဟသစ်
ဗီလိန်
ဖိုးသင်္ကြန်
ငချမ်းကောင်
တလနွန်
ရေတမာ
တောင်ပေါ်သား(မစ်စ် အက်စ်ဂျီ)
မျိုးထက်ဇော်
သံလွင်ဟီးရိုး
မိုးကုတ်သား
ရီနိုမာန်
ဆောင်းချမ်းမိုး
ဖိုးစိန်
(ဖဲဝိုင်းမှ ထအော်ကြသည်)
Happy new year playing card game!!!!!
ကဗျာထဲမှာ ညွတ်နူးခံစားနေတဲ့ စိတ်ကို မြင်လိုက်ရတယ်... ကဗျာလို့ မည်ပါ့မလားလို့ မတွေးပါနဲ့... ဒါကဗျာပါပဲ မောင်လေး တလနွန်ရေ...း)
မိုက်တယ် ကိုတလနွန်ရေ... ကဗျာဥာဏ်ကတော့ လန်ထွက်နေတာပဲဗျာ.....
ခင်မင်တဲ့
နေ၀သန်
Post a Comment