ရောင်နီအိမ်မက်

Saturday, October 24, 2009

ပုံကို www.mythicalireland.com မှ ယူပါသည်။

ဆည်းဆာသည် တဖြည်းဖြည်း အရောင်မှိန်ကာမှိန်ကာဖြင့် ပျောက်ကွယ်သွားကြသည်။ မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ တစ္ဆေတစ်ကောင်လိုပင် ညအမှောင်သည် ကျွန်တော့်အနားပတ်ဝန်းကျင်သို့  ခြောက်ခြားဖွယ်ကောင်းလွန်းစွာ တိုးဝင်ခဲ့ပြန်ပြီး။ ကောင်းကင်ပေါ် မော့ကြည့်လိုက်တော့ ကြယ်တွေလတွေဝှက်ကွယ်ထားသည့် တိမ်ညိုတိမ်မည်းတို့ မင်းမူထားသည်မှာ အကျည်းတန်လွန်းပေစွ။ တစ်ခါတစ်လေ သားရဲတိရိစ္ဆာန်တို့ ၏ စူးစူးဝါးဝါး အော်သံတို့ သည်လည်း အိပ်မောကျနေသော ဒ်ီတောင်တစ်ကြောကို လှုပ်နှိုးနေသလိုပင်။ သွားရင်းလာရင်း ခလုတ်တိုက်မိနေသဖြင့် မီးအလင်းရောင် ရလိုရငြား မီးခြစ်ကျောက်နှင့် မီးတောက်အောင် ကြိုးစားမိတိုင်း အချည်းနှီးသာ။

သိပ်မကြာမီမှာပင် လေတွေတဝုန်းဝုန်း တိုက်ခတ်လာသည်။ မိုးတွေတဖွဲဖွဲရွာချလာသည်။ ကျွန်တော်လည်း တဖြည်းဖြည်းနှင့် ကြောက်ရွံစိတ်တို့ တိုးကာတိုးကာသာ။ ဆူးငြှောင့်ခလုတ်တို့ ပြည့်လျှံနေသော ဒီလမ်းကြမ်းထက်ပေါ် ခြနင်းနေသော ခြေဖဝါးတစ်စုံသည်လည်း စုတ်ပြတ်သတ်နေသည်။ နာကျင်မောဟိုက်နေသော အသက်ရှုသံတို့ သည် မူမမှန်တော့ပေ။ ဆာလောမွတ်သိပ်မှုတို့ သည်လည်း အဆုံးအစွန်ထိဆန့် ရင်း တိတ်ဆိတ်နေပြီး။ လေတိုက်တိုင်း လှုပ်ခါနေသော သစ်ပင်အုပ်အုပ်မှ ထွက်တဲ့ တရွှီးရွှီး အသံတို့ သည်လည်း ခြောက်ခြားဖွယ်ပတ်ဝန်းကျင်ကို အသက်ဝင်နေစေပြန်သည်။

စိတ်ဓါတ်တွေ ကျလိုက် ပြန်အားတင်းလိုက်နှင့် စမ်းတဝါးဝါးနှင့် ဦးတည်ရာမဲ့ အမှောင်အတိနှင့် ခရီးကြမ်းကို ဖြတ်ကျော်နေသည်မှာ ကြာငြောင်းလွန်းလှသည်။ ဒါပေမဲ့ အလင်းတစ်စ ကို မျှော်လင့်သည်။ ထိုအလင်းတစ မှသည် မနက်ဖြန်ကို လှပစွာ ပုံဖော်နိုင်လိမ့်မည်ဟု ကျွန်တော် တွေးထင်မိသည်။

“အမြန် ရောင်နီ လင်းလက်ပါတော့” ဟု တိတ်တခိုးဆုတောင်မိသော အသံတို့ မှာလည်း ယုံကြည်မှုတွေ ဖျော့တော့လျက်။ သို့ သော်လည်း ခရီးများအဆုံးထိလျှောက် ဟု ကိုလေးဖြူ သီချင်းထဲကလိုပင် အလင်းတစ်စရှိရာသို့ တရွေ့ ရွေ့ လျှောက်ရင်း ချောက်ကမ်းပါးအစွန်းကို ရောက်မှန်းမသိ ရောက်နေသည်။ လေဟာနယ်ကို တက်နင်းမိသလို သိလိုက်ချိန်တွင် ခြေလှမ်းကို ရုပ်သိမ်းဖို့  နောက်ကျသွားပြီးဖြစ်သည်။

အာာာာာာား

ကုတင်ပေါ်ကနေ ပြုတ်ကျလာမှ အိပ်မက်မက်နေမှန်းသိသည်။ အိပ်မက်ထဲကလိုပင် ကျွန်တော့်အတွက် လက်တွေ့ အပြင်မှာလည်း အမှောင်အတိပင်ဖြစ်နေသည်။သို့ သော် ထိုအမှောင်သည် ရောင်နီကို ကြိုလင့်နေသော အမှောင်……….။ အမှောင်ကွယ်ရင် အလင်းရောက်စမြဲပဲမဟုတ်ပါလား။

20 comments:

ညလင်းအိမ် said...

ရေးထားတာကောင်းတယ်ညီ...
စာသားတွေကို ပတ်ဝန်းကျင်နဲ့ ဖုံးလွှမ်းထားတယ်...
မျှော်လင့်ချက်ကို ရောင်နီနဲ့ တင်စားထားတယ်...
အမှောင်တောင်မှ ရောင်နီကိုကြိုလင့်တဲ့ အမှောင်တဲ့လား...

အားပေးလျက်

ခြေလှမ်းသစ် said...

ရောင်နီကို မျှော်လင့်နေသော အမှောင်သာ ဖြစ်ရပါစေလိုတယ်ဗျာ ...

စိမ်း... said...

ဟုတ်တော့ဟုတ်တယ် ... အမှောင်ကွယ်ရင် ရောင်နီလာစမြဲဆိုတာ..
ဒါပေမယ့် တဆိတ်ကြာလွန်းနေသလားလို့...

ညီညီ said...

အမှောင်ညကို ကျော်လွန်လို့ ရောင်နီကို အမြန်ဆုံးရောက်ပါစေဗျာ.။

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)

သံလွင် HeRo said...

ရောင်နီရောက်ဖို့ နီးနေပါပြီဗျာ....မနက်လင်း
ခါနီးနေတာဖို့ အမှောင်ဆုံးလို့ထင်နေပေမဲ့
အလင်းရောင်တွေဆောင်ယူလာတော့မှာပါ။
မကြာခင်ထွန်းလင်းတောက်ပပါစေ။

ငါးစားလျက်
သံလွင်ဟီးရိုး

သားကြီး said...

ငယ်ငယ်တုန်းက ညတစ်ညကိုသတိရသွားစေတယ်
အဲဒီည...ခုနေပြန်စဉ်းစားတောင်စိတ်ထဲမှာပိန်းပိတ်လို့မှောင်နေတုန်းပဲ
ဘယ်ကဘယ်လိုအဲလိုလမ်းကိုရွေးလျှောက်ခဲ့
မိမှန်းလည်းမမှတ်မိတော့ဘူး
လင်းအားနီးခါနီးရင်အမှောင်မိုက်ဆုံးတချိန်ရှိတယ်တဲ့
သယ်ရင်းနဲ့အတူ ရောင်နီကိုကြိုဆိုတယ်

သားကြီး said...

ဒါနဲ့စကားမစပ်...
ဟိုပြန်ရောက်တာနဲ့အရင်ဆုံးရှုခင်းသာတက်
မယ် အတွဲချောင်းဖို့မဟုတ်ဘူးလေ
ဦးခန္တီဘုရားဖူးဖို့ပါဆို ဟဲဟဲ

Dream said...

ဟဲဟဲ အိပ်မက်တွေ သိပ်မမက်နဲ့နော်.....

ရေတမာ said...

အိပ်မက်ဆိုးကနိုးထရင် မျက်နှာသစ် သွားတိုက် ဘုရားရှစ်ခိုးပြီး လုပ်စရာရှိတာ လုပ်တော့မောင်

ပုံ့မေ said...

ကဲ အလင်းအမှတ်နဲ့ ချောက်ထဲ ကျရတဲ့ အဖြစ်မျိုး....

ထင်ယောင်ထင်မှားခံစားစေတဲ့ အဖြစ်မျိုးးး က ဝေးပါစေတော်......

ခရေညို said...

အိမ်မက်ဆိုးတွေမမက်အောင် ညအိပ်ခါနီးရင် ဘုရားရှိခိုးအိပ်ပါ

တောင်ပေါ်သား said...

ထိုအမှောင်သည် ရောင်နီကို ကြိုလင့်နေသော အမှောင်…… အင်း မကြာခင် အမှောင်တွေ ပျောက်လို့ ရောင်နီလာတော့မှာပါ မျှော်လင့်ပါတယ် အေးချမ်းတဲ့ ရောင်နီလေးဖြစ်ဖို့ကိုပေါ့


လေးစားလျက်
တောင်ပေါ်သား

yangonthar said...

ဘဝရဲ့ မှောင်မိုက်မှုတွေထဲမှာ ခြောက်ခြားနေရ ပုံလေး ပေါ်လွင်လှတယ်ဗျာ ..... အဲဒီရောင်နီ ကို မျှော်လင့်ရင်း အံခဲပြီးဆက်လျှောက်နေစဲ ပဲ မိတ်ဆွေကြီးရေ .....
ခင်တဲ့
ရန်ကုန်သား :)

မငုံ said...

ုတုနန်ရေ..ရေးထာားတာလေး အတော်ကောင်းတယ်။ ရောင်နီလေးကို မျှော်လင့်နေတတ်ကြပါတယ်။ မှောင်နေပေမဲ့ အလင်းရောက်လာဦးမှာပါ။

မိုးစက်အိမ် said...

ဟ ကိုနွန်ကြီးလည်း ကိုကျိုးလိုပါဘဲ အိမ်မက်တွေ
စာဖွဲ့ ထားတာဘဲ ကိုနွန်ကတော့ကဗျာဆန်ဆန်ပေါ့
စကားတွေကတော့ လန်းတယ်ဗျာ . . .

စည်သူ said...

ဟုတ်တယ်ဟ..
မှောင်ပြီးရင် လင်းလာမှာပါ
အားတင်းထားဟ..

ကျွန်တော်ဆိုရင် အမှောင်ထဲများ ကျနေသလားမိဘူး
ပြန်စဉ်းစားနေမိတယ်..

ပျော်ရွှင်ပါစေဗျာ
ခင်မင်စွာဖြင့်
စည်သူ။

မယ့်ကိုး said...

အက်ဆေးလေးက တိုတော့ ဖတ်ရတာတောင် မဝသလိုပဲ။ အစကော ဆိုလိုရင်းလေးရော လှလှပပနဲ့ သိမ်းပုံလေးရော သဘောကျမိပါတယ်။

ခင်မင်စွာဖြင့်

မြရေလျဉ် said...

မိုးမလင်းသေးဘူး
အိပ်ဦး..။

အစ်မကတော့ ရုံးသွားရမှာကြောက်လို့၊ရုံးနောက်ကျမှာကြောက်လို့ လင်းလာရင်တောင်ဒေါသဖြစ်နေတယ်..

မိုးခါး said...

အေးချမ်းမယ့် ရောင်နီလေး အမြန် လာပါစေ ...း)))
မှောင်ပြီးရင်တော့ ရောင်နီ လာလိမ့်မပေါ့ ...

Angel Shaper said...

ဟေ့ရောင် လကြီး ထတော့ နေဖင်ထိုးနေပြီ... အဲလေ.. ရောင်နီအလင်းတွေလာပီဟ။ ဟဲဟဲ

 

Posts Comments

©2006-2010 ·TNB