
နွေးထွေးခြင်းနှင့် လက်တစ်စုံ ကမ်းခဲ့ဖူးသလို
လက်ပြနှုတ်ဆက် ကျန်ခဲ့တာလည်း ဒီနေရာ။
ပျားရည်ဆမ်းတဲ့ ရယ်သံချိုချို ဟစ်ကြွေးခဲ့သလို
ရှိုက်သံသဲ့သဲ့ တိုးတိုးလေး ကြားခဲ့တာ ဒီနေရာ။
မျှော်လင့်ခြင်း အားသစ်တွေနဲ့  ပျိုမြစ်ခဲ့ဖူးသလို
အားအင်တွေ ပျောက်ကွယ်သွားတာ ဒီနေရာ။
ချစ်သူခင်သူတို့  ရင်ဘတ်ခြင်း နီးစပ်ခဲ့ကြသလို
တစ်ကိုယ်ထဲ အထီးကျန်ခဲ့တာလည်း ဒီနေရာ။
Changi ဆိုတဲ့ အမည်နာမ နဲ့  ဒီနေရာမှာ
လွမ်းချင်းသီတဲ့ ကဗျာတွေ ရှိနေလိမ့်အုံးမယ်
တေးသွားမြူးမြူးလေးတွေလည်း လွင့်ပျံနေအုံးမယ်
နောက်ဆုံးလှမ်းသွားတဲ့ ခြေလှမ်းတွေ ကျန်ခဲ့အုံးမယ်
ခြေလှမ်းအသစ်သစ်တွေလည်း လှမ်းလာကြအုံးမယ်။

(Changi Airport ကနေ ပြန်သွားတဲ့ သူငယ်ချင်း တစ်ယောက်အတွက်)
11 comments:
ဒီနေရာလေးမှာပဲ ပြန်လည်ဆုံဆည်နိုင်ကြပါစေဗျာ ကောင်းသောနေ့ပါ
:)
မောင်လေးရေ ....
ကဗျာလေးက ဒီအချိန်မှာပိုခံစားလို့ကောင်းနေသလိုပဲ ...း)
တစ်စုံတစ်ယောက်သော သူအတွက်
ကဗျာလေး လှတယ်ဗျာ။
တွေ့ ဆုံ ကြုံ ကွဲ ဖြစ်မြဲ ဓမ္မတာပေမို့
ကံမကုန်ရင် ပြန်ဆုံနိုင်စေဖို့ ဆုမွန်ကောင်း တောင်းပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်....
ကဗျာလေး ကောင်းတယ်
ချန်ဂီမှာတော့ ဒီကလူတွေရဲ့ ခံစားချက်တော်တော်များများရှိကြတယ်
:( တမျိုးကြီးပဲ .. အဲဒီအချိန်ပြန်ရောက်သွားသလိုပဲ
အဲဒီ့နေရာက ...
အိပ်မက်တွေကို ပျိုးကြဲစိုက်ပျိုးမယ့် လယ်တစ်ကွက် ဖြစ်ဖူးသလို ...
ကိုယ်တွေ အိပ်မက်တွေကို ရိုက်ချိုး ဖျက်စီးမယ့် လက်ကြမ်းကြီး တစ်စုံကဲ့သို့ ...
ခံစားမှုတွေရဲ့ သင်္ကေတတွေကို ရိုးတိုးရိပ်တိတ်တမျိုး ...
ထင်ထင် ရှားရှား တဖုံ မြင်တွေ့နေရတဲ့ ကဗျာလေးဆို ... မမှားဘူး ...
ကဗျာဆရာနဲ့ ထပ်တူ ရင်ထဲ ထိအောင် ခံစားမိတယ် ....
နှစ်သက်မိတဲ့ ကဗျာလေး တစ်ပုဒ် ဖြစ်ကြောင်း ... ။
ရင်ထဲထိသွားတယ်ဗျာ ... တစ်ခုခုကိုလွမ်းသွားတယ် ... နောက်ဆုံးလှမ်းသွားတဲ့ ခြေလှမ်းတွေ ... ရောက်လာဦးမယ့် လှမ်းသစ်တွေ .. ဘဝဆိုတာ ဒီလိုပါပဲလေ ...
နေဒေးသစ်။
Thank you, that was just an awesome post!!!
Thank you, that was just an awesome post!!!
Thanks for sharing that. It was fun reading it. :-)
Post a Comment