ချစ်နိုင်ကြပါစေ

Monday, May 4, 2009



မနက်ခင်း နာရီနှိုးစက်သံနှင့်အတူ မျက်စိနှစ်လုံးဖွင့်လိုက်တာနဲ့  ကျွန်တော်တို့ အလုပ်လုပ်ဖို့ ပြင်ဆင်

ကြရပါပြီး။ အဲဒီတော့ အလုပ်လုပ်ရာ ပတ်ဝန်းကျင်က လူတွေ၊ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်က လူ

တွေနဲ့ တစ်နည်းမဟုတ် တစ်နည်း ပတ်သက်ဆက်ဆံကြရပါပြီး။ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတဲ့

အတိုင်း တစ်ချို့  ကိုယ်ကောင်းသလို ကိုယ့်အပေါ် ပြန်ကောင်းတဲ့ အတွက် စိတ်ချမ်းသာရပါတရ်။

တစ်ချို့ တစ်လေ ကျတော့လည်း ကိုယ့်အပေါ် အနည်းနှင့်အများ စိတ်ခုစရာတွေ ယူဆောင်လာတတ်

ကြပါတရ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ က လူပတ်ဝန်းကျင်မှာ ရှိနေသရွှေ့ တော့ ရှောင်လွဲလို့ မရဘူး

ထင်ပါတရ်။ ကိုယ်တိုင် အေးအေး ဆေးဆေးနေပေမယ့် ပြင်ပ ပယောဂကြောင့် စိတ်လေးလံဘူးတယ်။

ဖြစ်ခါစဆိုရင် ဒေါသတွေကြောင့် ပူလောင်တာနဲ့  ကိုယ်ရဲ့ တန်ဖိုးရှိတဲ့ အချိန်လေးတွေ အကျည်းတန်

ရုပ်ဆိုးသွားစေတာ နှမြောစရာပါပဲ။

အဲဒီအခါကျရင် ဖတ်ခဲ့ဖူးတဲ့ မူလတန်းကလေးတွေ ကစားတဲ့ ကစားနည်းတစ်ခုကိုတွေးရင်း စိတ်ထဲ

ကအဖုအထစ်တွေကို ရှင်းလင်းစမြဲပါ။ သူငယ်ချင်းတွေကို အဲဒီကစားနည်းကို ပြောပြချင်ပါတရ်။။


မူလတန်းကျောင်းတစ်ကျောင်းရဲ့ စာသင်ခန်းတစ်ခုမှာ စတယ်ပေါ့ဗျာ။ ကလေးတွေကို ဆရာမက

မနက်ဖြန်ဂိမ်းကစားဖို့  အားလူး နှင့် ပလတ်စတစ်အိတ်တစ်လုံးစီ ယူလာခိုင်းပါတရ်။ ကလေးတွေ

လည်း ဘယ်လိုကစားနည်းလဲ ဘယ်လိုကစားမလဲဆိုတာကို ရင်ခုန်စွာနှင့် ဆရာမပြောတဲ့ အတိုင်း

ယူဆောင် လာကြတရ်။ ဆရာမက ကစားနည်း စဖို့ အတွက် ပထမဦးဆုံး ကိုယ်မုန်းတဲ့သူတွေရဲ့ 

နာမည်ကို အားလူးပေါ်မှာ ရေးခိုင်းစေတရ်။ အဲဒီမှာ တစ်ချို့ ကလေးတွေက အားလူးပေါ်မှာရေးတာ

တစ်လုံးနှစ်လုံး တစ်ချို့ ကလေး တွေ ကြတော့ ငါးလုံးအထိ အံ့သြစရာတွေ့ ရပါတရ်။

ကလေးတွေရေးပြီးတဲ့ အခါကျတော့ ဆရာမက ကလေးတွေကို မတ်တပ်ရပ်ခိုင်းပြီး “ကဲ ကလေးတို့ 

မင်းတို့ အိတ်တွေထဲကို နာမည်ရေးထားတဲ့ အားလူတွေထည့်ပြီး တစ်ပတ်တိတိ ဘယ်နေရာသွားသွား

ယူဆောင်ကြပါ” လို့ ပြောရင်း ဂိမ်းကို စတင်လိုက်ပါတရ်။ ကလေးတွေက ဆရာမကို နားမလည်စွာနဲ့ ပဲ

ဆရာမစကားကို ကြောက်ကြောက်နဲ့ နားထောင်လိုက်ရပါတရ်။

တစ်ပတ်လောက်ကြာတဲ့အခါကျတော့ အာလူးထဲက မကောင်းတဲ့အနံ့ တွေရယ် ဘယ်နေရာသွားသွား

သယ်နေရတဲ့အတွက်ကြောင့် လက်တွေညောင်း လာတဲ့ အတွက် ကလေးတွေထံမှ ညည်းညူသံတွေ

ကြားရပါတရ်။ ဆရာမ မရောက်ခင်အထိ တစ်တန်းလုံး ကျောင်းသားတွေရဲ့ ဂိမ်းအပေါ်ဝေဖန်ချက်တွေ

နဲ့  တစ်တန်းလုံး ဆူညံပွက်လောရိုက်နေပါတော့တရ်။ နောက် ငါးမိနစ်ကြာတဲ့ အခါမှာ ဆရာမအတန်း

ထဲရောက်ရှိလာပြီး ကလေးတစ်ယောက်ကို ထခိုင်းပါတယ်။ “ဒီဂိမ်းကစားနည်းမှ ဘာတွေသိလာသလဲ”

လို့ ကလေးကို ဆရာမက မေးလိုက်ပါတရ်။ ကလေးကလည်း “ဟုတ်ကဲ့ပါဆရာမ ဒီတစ်ပတ်လုံး ဘယ်

နေရာသွားသွား အားလူးအိတ်ထဲက အနံ့ တွေကြောင့် စိတ်ရှုပ်ရပါတရ်။ သယ်ရတဲ့ အာလူးအလုံးအရေ

အတွက်ပေါ်မူတည်ပြီး လက်တွေ ညောင်းလာပါတရ်” လို့ ဆရာမကို ပြန်ပြောပါတရ်။ အဲဒါနဲ့ ဆရာမက

ကလေးကို ပြန်ထိုင်ခိုင်းလိုက်တရ်။ နောက်အားလုံးကို ကြည့်လို “ဒီ ဥပမာအတိုင်းပါပဲတဲ့။ မင်းတို့ မုန်းတဲ့

သူတွေကို မင်းတို့ စိတ်ထဲမှာ ထည့်လိုက်ရင် သူတို့ ကြောင့် စိတ်လေးလံရလိမ့်မယ်။ သူတို့ တွေကို စိတ်ဆိုး

ဒေါသဖြစ်မိရင်လည်း ကိုယ့်စိတ်ဟာ အနံ့ ဆိုးတွေနှင့် မစင်ကြယ်တော့ဘူး။ ဒါကြောင့် အားလုံးကို ချစ်တတ်

အောင် ကြိုးစားပြီး မိမိစိတ်ကို ပေါ့ပါးစေပြီး စင်ကြယ်မွေးကြိုင်နေပါစေ။”လို့  ဂိမ်းရဲ့ အနှစ်သာရကိုပြောရင်း

ကလေးတွေကို ပုတ်ပွနေတဲ့ အားလူးထုတ်ကို ပေးလွှင့်ခိုင်းလိုက်ပါတော့တရ်။ ဒီလိုနဲ့  ဂိမ်းကစားနည်းကို

အဆုံးသတ်လိုက်ပါတဲ့ခင်ဗျာ။

ဒီကစားနည်းကအတိုင်း ပုတ်ပွနေတဲ့ အာလူးတွေကို စိတ်ထဲကနေ အလျင်အမြန် ထုတ်လိုက်ကြရအောင်။

အားလုံးကို ချစ်ခြင်းဖြင့် ကိုယ့်စိတ်ကို ပေါ့ပါးစေနိုင်ပါတရ်။ “Dear Everybody”

8 comments:

သားကြီး said...

အရမ်းကောင်းတဲ့စိတ်ကူးပါပဲ
လူတယောက်ကိုမုန်းရတာ အရမ်းပူလောင်ပါတယ်

နွေးနေခြည် said...

yes, correct!

ကြယ်ပြာ said...

မောင်လေးရေ ...

ပို့စ်လေးကိုသဘောကျနှစ်ခြိုက်မိပါတယ် ... အစ်မငယ်ငယ်တုန်းက သိဖူးတဲ့ ဂိမ်းလေးတမျိုးလဲရှိတယ် .... အဲ့ဒါက စာရွက်ပေါ်မှာ ကိုယ့်အတန်းထဲကလူတွေနာမည် ချရေးရတယ် ... ပြီးတော့ လူတစ်ယောက်ချင်းစီမှာ ရှိတဲ့ ကိုယ်သတ်မှတ်ထားတဲ့ ကောင်းတဲ့အချက်လေးတွေရေးခဲ့ကြရတယ်လေ .... နောက်တော့ အတန်းရှေ့ထွက်ပြီး ဘယ်သူက ဘယ်အချက်လေးတွေကောင်းတယ်ဆိုတာ တစ်ယောက်ချင်းထရွတ်ကြရတယ်တဲ့ ... အဲ့ဒီလို ဂိမ်းလေးလဲ ပြီးရော ကလေးတွေ တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးချစ်ခင်သွားကြတယ်တဲ့ ... ဒီပုံစံ ဂိမ်းလေးတွေကို အစ်မ အရမ်းသဘောကျတာပဲ ...
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေ မောင်လေးရေ .....

Unknown said...

Very Nice Post. I'm gonna visit your blog again but I have to go right now to throw some rotten potatoes away from my memory. Thanks, Bro.

Dream said...

ပို့စ်လေးက တော်တော် ကောင်းတယ်ဗျာ... တကယ်ပါပဲ...
လူတွေကို မုန်းရတာ တော်တော် ကိုဝန်ကြီးပါတယ်... ချစ်နိုင်ပါစေ.. အပူတွေ အမုန်းတွေ စသည်အရာ အားလုံးကို ကိုယ်ဖြတ်သန်းသွားရမယ့် ခရီးတလျှောက်မသယ်ဘဲ လွတ်ချသင့်တယ်နော်...

အိုက်ခီလောက် said...

အင်းကောင်းတယ် ပြောစရာကိုမလိုဘူး ကိုတလရေ ကြိုက်တယ်
ကိုယ့်သာမုန်းနေတာ သူ့ တို့ ကတော့အစားအသောက်မပျက်ဘူးလေ
ကိုယ့်ပဲ ခံစားနေရတာ စိတ်ကိုလွတ်ထားပေးတာအကောင်းဆုံးပါပဲ
ညီလို့ ပေါ့ အဟတ် သောက်နေရင်ကိုကျေနပ်နေတာ အဟား ဆိုင်ဖူးနော်

မငုံ said...

သိပ်ကောင်းတဲ့ပိုစ့်လေးပါ။ လူတယောက်ကို ကြည့်မရရင် သူ့အကြောင်းပိုတွေးမိ၊ ပိုစိတ်ဆိုးရနဲ့ တော်တော်ပင်ပန်းတယ်နော်။
အဲဒီလို အာလူးမျိုးကို မသယ်မိတော့အောင် ကြိုးစားဆဲပါ။

မိုးစက်အိမ် said...

ကောင်းတယ်ဗျာ...ရေးထားတာလဲ က...
အားပေးနေတယ်ဗျာ...

 

Posts Comments

©2006-2010 ·TNB