အိုးမိုင် ဂရမ်းမား.......အိုးမိုင် ဂရမ်းဖား တို့ 

Tuesday, June 2, 2009

(ပုံကို www.google.com မှ ရရှိသည်။)

ပတ်ဝန်းကျင်မှာ “ငါ မြေးချီချင်နေပါပြီးတော်” ဆိုတဲ့ အဘွားအိုတို့ ရဲ့ ပူဆာသံ၊ “ဂိုး…...ဂိုး” ဆိုပြီး မြေးနှင့်အတူ ဆော့နေတတ်တဲ့ အဘိုးအိုတွေရဲ့ ပျော်ရွှင်ဖွယ်မြင်ကွင်းလေးတွေကို ကြားရမြင်ရတိုင်းကျွန်တော်ရဲ့  “ဂရမ်းမား ဂရမ်းဖား” တို့ ကို သတိရမိတယ်။ ကျွန်တော်က မြေးဦး ဆိုတော့ သူတို့ ရဲ့  အချစ်ကို တစ်ပြုံကြီး ရခဲ့သလို ကျွန်တော်ကလည်း သူတို့  ကို သံယောဇဉ် ကြီးပါတယ်။ “သားအချစ် မြေးအနှစ်”တဲ့ မဟုတ်ဘူး လား။ ငယ်ငယ်တုန်းက သူတို့ နှင့် လက်ပွန်းတတီးနေလာခဲ့တော့ သူတို့ ရဲ့ ပုံရိပ်တွေ မျက်စိထဲ တဖြတ်ဖြတ် မြင်ယောင်မိတယ်။

(၁)ဘိုးစီ
ကျွန်တော်ရဲ့  အမေ ဘက်က အဘိုးစီ အကြောင်း အရင်ပြောပြမယ် ။ သူက ကြုံတိုင်းရွာက သူကြီးဘစီတော့ မဟုတ်ဘူး ။ ဒါပေမဲ့ သူ့ ခေတ်တုန်းက “အုတ်ကထ” ပေါ့ ။ နောက်ပြီး အဘိုးက ဘုန်းကြီးကျောင်းဆင်း ပီပီ သားသမီး မြေးတွေ စုပြီး ဆုံတိုင်း ဆုံးမစကားတရားဟောလေ့ရှိတရ်။ တရားတော့ အဟောကောင်း အပြောကောင်းပဲဗျို့ ။ နောက်မှ အဖွားဆီသိရတာက အဘိုးက တရားကြီးပဲ ဟောလို့ ကောင်းတာ မဟုတ်ဘူးတဲ့။ သူလူပျိုတုန်းက အပြောကောင်းတော့ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်တယ်တဲ့လေ။ ဝမ်းနည်းဖို့ ကောင်းလေစွ။ ကျွန်တော့် အဖိုးခြေရာ နည်းနည်းမှ မလိုက်မှီခဲ့ဘူး။ ဟွန်း :)
အဘိုးက မြေးတွေနှင့် အချိန်တော်တော်များများ ရှိနေတတ်တယ်။ ဘုန်းကြီးကျောင်း သွားမယ် ဆိုရင်တောင်မှ အိမ်က ရွာပါကျဲရိုး(ခ)ထော်လာဂျီလေးကို ထုတ်ပြီး သားသမီးမြေးတွေနှင့် အတူချီတက်တာ။ ကျွန်တော် ငယ်ငယ်တုန်းက ဘုန်းကြီးကျောင်း သွားရင် မောင်နှမတွေနှင့် ထမင်းဟင်း လက်ဆုံစားပြီးဆော့ရလို့ ပျော်ခဲ့သလို အဘိုးခေါ်လို့  တရားနာရတာကြောင့် ဘာသာရေးအသိနှင့် ရင်းနှီးခဲ့တယ်။ နောက်ပြီး အဘိုးက လယ်ယာခြံမြေ ကိုယ်တိုင်ပါရမှ ကျေနပ်တော့ လယ်ထဲ ခြံထဲ အခုထိ ဆင်းတုန်း ပဲဗျ ။ အားလုံးက ဝိုင်းတားပေမဲ့ စက်ဘီး တစ်စီးနှင့် ခိုးခိုးထွက်တာ။ အခုတောင် သူက ဆိုင်ကယ်သင်ပေးပါ တဲ့ လေ။ နောက်မှသိတာက သူ့ သူငယ်ချင်း အဖိုးကြီးတစ်ယောက်ကို အားကျလို့ တဲ့။ မျက်စိလည်း သိပ်မကောင်းတော့ဘူး အဲဒါတောင်သူက ။ လူကြီးတွေ ဆိုးရင်တော့ ဘယ်ပြောလို့  ရမလဲနော် :)

(၂)ဖွားထားခင်
အဘွားက ရိုးရိုးအေးအေးလေးနှင့် ချစ်ဖို့ အရမ်းကောင်းတယ်ဗျ။ ငယ်ငယ်တုန်းက အိမ်မှာ အဖေ ရိုက်ရင် အဖွားဆီ ပြေးတယ်။ အမေဆူရင်လည်း အဖွားဆီရောက်တယ်။ အဖွားပေါင်ပေါ် အိပ်ပြီး ကျွန်တော်ငိုငိုပြောတဲ့ စကားကို ပြုံးပြီး နားထောင်တတ်တရ်။ အဲဒီတုန်းက အဖွားဟာ ကျွန်တော်ရဲ့  သူရဲကောင်းကြီးပေါ့။ ပြောရမယ်ဆိုရင် အဖွားက နည်းနည်းတော့ ကပ်စီးနည်းတာလား စည်းစနစ်ကျတာလားတော့ မသိဘူး။သူက “အိမ်နောက်မှာ ဈေးဆိုင်တည်” စကားအတိုင်းပဲ အိမ်နောက် မြေကွက်လပ်မှာ စိုက်ထားပျိုးထားတဲ့ သစ်သီး ဝလံတွေ ဟင်းသီးဟင်းရွှက်တွေနှင့်တင် ဈေးထဲကိုသွားစရာမလိုတော့ဘူး။ အဲဒီမှာ တစ်နေ့  လုံးတကုတ်ကုတ်နဲ့ အလုပ်ရှုပ်နေတတ်တယ်။ ကျွန်တော်လည်း အဖွားဆီသွားရင်း ကူရင်းနဲ့  စိုက်ပျိုးရေးလုပ်တာ ဝါသနာ ပါလာတော့တယ်။

(၃)ဖိုးလုံး
ကျွန်တော့် အဖေ ဘက်က အဖိုးပေါ့။ သူက စိတ်က ခပ်တိုတိုရယ်။ လူပျိုတုန်းကဆိုရင် ဘယ်မှာရန်ပွဲဖြစ်လဲ သွားမမေးနဲ့  သူ ပါတယ်တဲ့။ သူ့ အမျိုးတွေထိရင် သူက တုတ်ဆွဲ ဓါးဆွဲတဲ့အထိ ဆိုးတယ်တဲ့လေ။ အိမ်ထောင် ကျတော့မှ အဖွား ထိန်းနိုင်လို့  ခြေငြိမ်သွားတယ်လို့ ပြောတာပဲ :):) ကျွန်တော်တစ်ခါ အပြင်မှာရန်ဖြစ်တော့ ကြီးတော်အပျိုကြီးက “ဘမျိုး ဘိုးတူ” တဲ့။ အဲဒါ အဘိုးကြားတော့ “ငါ့မြေးပဲ ငါနဲ့ တူမှာပေါ့”တဲ့။ ဟီး အဲလို အားပေးတာ။
ငယ်ငယ်တုန်းက အဖိုးလုံး စိတ်ကောင်းဝင်တဲ့ အချိန်ဆိုရင် ကျွန်တော့်ကို ဘယ်သွားသွား ချီပိုးပြီး ခေါ်သွားတတ်တရ်။ မုန့် စားရတော့ ဖိုးလုံးနားမှာပဲ ကပ်နေတာပေါ့။ ဒါကို သူက ကြွားသေးတရ်။ “င့ါမြေးက ငါ့ကို
တော်တော်ချစ်တာတဲ့”။ အဟတ်

(၄)ဖွားချစ်စိန်
အဖွားကတော့ ကျွန်တော် ကလေးဘဝကတည်းက ဆုံးသွားပါပြီး။ အဖွားက ကျောင်းဆရာမဆိုတော့ အရမ်း စည်းကမ်းကြီးတယ်တဲ့။ အိမ်မှာ ထမင်းစားရင် ဟင်းကသူ့ ခွဲတမ်းနှင့်သူ ပဲ ။ ကုန်သွားရင် မရတော့ဘူး။ ဝန်ထမ်းဆိုတော့လည်း ရတဲ့လစာနဲ့ ချွေတာ တာလည်း ဖြစ်မယ်ထင်တယ်။ အဲဒါကို အခုထိ ကျင့်သုံးနေတာက ကြီးတော်အပျိုကြီးဆရာမတွေပေါ့။

“အိုးမိုင် ဂရမ်းမား…အိုးမိုင် ဂရမ်းဖား တို့ ” အကြောင်းကို မပြင်မှာမပြောဖြစ်သမျှ ဘလော့မှာ ရေးလိုက်ပြီး။ တကယ်လို့  ကျွန်တော်ရဲ့ ဂရမ်းမား တို့ ဂရမ်းဖားတို့  ဘလော့ကင်းလုပ်လို့ တွေ့ သွားရင် ဒီတဂ်ပိုစ့်လေးကို တဂ်တဲ့ အမ မြရေလျဉ် ပဲနော်။ :) :) :)

လူတိုင်း နေဝင်ခါနီးအချိန်ဆိုတဲ့ အရွယ်ကို တစ်နေ့ တော့ရောက်ကြမှာပါပဲ။ အဲဒီအခါကျရင် ကိုယ့်မြေးလေး တွေနဲ့  စကားတွေ ပြောရင်း အထီးကျန်ချိန်ကလေးကို ပျော်ပျော်ရွှင်ရွှင် ကျော်ဖြတ် ချင်ကြမှာပါ။ ဒါမှမဟုတ်ဘူး ဆိုရင် မြေးလေးတွေရဲ့  အကူအညီနဲ့ ဘုရားသွားကျောင်းတက် ချင်ကြ မှာပါပဲ။ အဲဒီတော့ ကျွန်တော်တို့ လည်း မိဘတွေလိုပဲ သူတို့ ကို ဖေးမစောင့်ရှောက်ကြစို့ နော်။

တဂ်ပိုစ့်ဆိုတဲ့အတိုင်း လက်ဆင့်ကမ်းရမဲ့ တာဝန်လေးရှိပြန်လေတော့ အပျိုကြီးမမဘကြီးတော် ညီဇော် နှင့်နွေးနေခြည် တို့ ရေ................

13 comments:

ကောင်းကင်ပြာ said...

ဘိုးတွေ ဘွားတွေ အကြောင်းလာဖတ်သွားတယ်မွန်လေးရေ

Sein Lyan Tun said...

ဆိတ်လေဒယ် တူတော်ရယ် အဲဒါလဲ ဘကြီးတော်တို့ အမျိုးတွေပဲကို
ဘာလို့လာရေးခိုင်းနေသေးလဲ အမျိုးတော်တာပဲကို
ဂယ်ပဲ ဂယ်ပဲ
ပေးထားတဲ့နယ်တွေ ပြန်ရုတ်သိမ်းတယ်
ဂယ်ပဲဂယ်ပဲ
ချစ်တဲ့
ဘကြိးတော်

မြရေလျဉ် said...

မြေးချီချင်ရင်တော့ အဆင့် ကများတယ်နော်..ကြိုးစားမောင်လေးရေ....
:P

ရွှေပြည်သူ (ShwePyiThu) said...

မြေးဦးဖြစ်ပြီး အချစ်တွေ စုပြုံရတာ ကံကောင်းလိုက်တာ မောင်လေး တလနွန်ရေ။ အဖိုးအဖွားတွေ အကြောင်းကိုလည်း စိတ်ဝင်တစား သဘောတကျ ဖတ်သွားပါတယ်။

သားကြီး said...

အဖိုးခြေရာမှီအောင်သာလိုက် :P

မငုံ said...

တုနန်ရေ...အဘိုးအဘွားတို့ကို အခုလို သတိတယနဲ့ ဖော်ထုတ်ပေးတာ သိပ်ကောင်းတာပဲ။။မငုံလဲ ရေးပေးမယ်နော့။

နွေးနေခြည် said...

နွန်နွန်ရဲ့ အဖိုးတွေ အဖွားတွေအကြောင်းက စိတ်ဝင်စားဖို့ကောင်းတယ်။ ရေးပေးမယ်နော် နည်းနည်ဆောင့် သယ်ရင်းး)

မိုးခါး said...

း)
ငယ်ငယ်တုန်းက အကြောင်းလေးတွေက ပြန်စဉ်းစားရင်ပြုံးချင်စရာလေးတွေနော် ..း)

မိုးစက်အိမ် said...

အကိုစာလေး ဖတ်၇တော. တစ်ဦးတည်း
သောအဘွားကို သတိရမိတယ်ဗျာ

ဇော် said...

အာ
ကိုညတို့ကတော့ လုပ်တော့မယ်။ အဟိ။ ကိုညပါဆိုရင်တော့ ၂ယောက်ရှိပြီ တက်ခံရတာ။ ဘလော့သက်တမ်း ၃လမှာ။ အဟိ။ ကျနော်က ကျနော်တို့ Duty Roster shift ရဲ့ရှေ့၎ရက်ကို အလုပ်အရမ်းရှုပ်တယ် ကိုညရ။ အဲ့ဒါကြောင့် ကျနော် စာအသစ်တောင် မတင်ဖြစ်ဘူး။ အိမ်လဲ မလည်ဖြစ်ခဲ့ဘူး ကိုညရာ။ ခွင့်လွှတ်။ အဟဲ။
ကျနော့်အိမ်မှာ တင်ထားတဲ့ မင်းရေးတဲ့ ကဗျာဆိုတာက ကျနော့်သူငယ်ချင်း ငမင်းက ကျနော့်ကိုရေးပေးတဲ့ ကဗျာလေ။ သူ့မက်စိတောင် စီပုံးမှာ ရှိသေး။ ကျနော့်ကို ပိုးလို့ခေါ်တဲ့တစ်ယောက်ပေါ့။ ပိုးတုံးလုံးနဲ့ တူလို့တဲ့လေ။ အဟိ။ ကိုညရေ.. နောက် ၂ရက်ဆို ကျနော် အောဖ့်ပြီဗျ။ အဲ့ကျ ရေးမယ်နော်။ ဟီးး။

မြစ်ကျိုးအင်း said...

မြေးဖြစ်မှတော့ မြေးဦးဖြစ်တာ အကောင်းဆုံးပဲ ...
ဒါပေမယ့်ကျွန်တော်က မြေးဦးမဖြစ်ခဲ့ရဘူးဗျ

သီဟသစ် said...

နွန်နွန်ရေ..

ကံကောင်းလိုက်တာကွာ။ အဘိုးအဘွားတွေနဲ့ ဆုံရသေးတယ်..
ငါတို့ဆို အဘိုးအဘွားတွေ မရှိတော့ဘူးဟ..

Dream said...

မက်မက်မှာတော့ အဘိုးအဖွား မရှိတော့ဘူး.. :(
လာဖတ်ပါတယ် ဦးဦးအလယ်လွန်ရေ

 

Posts Comments

©2006-2010 ·TNB