
အပေါ်ယံ အရောင်တွေ အဆင်တွေက ရာသီဥတု အပြောင်းအလဲကြောင့် သူ့  ကို လူတွေ ပြောင်းလဲပြစ် ခဲ့ကြသလိုမျိုး သူ့ ရဲ့ အတွင်းသဘောကို ကျတော့ အသက်အရွယ် အပိုင်းအခြား နှင့် အခြေအနေ တွေက ပြောင်းလဲ လိုက်ကြတယ်။ ပြောင်းလဲမှုနှင့်အတူ လေးနက်ခြင်းတွေ ပါဝင်လာတဲ့ သူ့ ကို ကျွန်တော် တစ်ခါတစ်လေ ပြစ်ချချင် ခဲ့သလို တစ်ခါတစ်လေတော့လည်း မက်မက်မောမော တွယ်တာနေမိခဲ့တော့တယ်။
ငယ်ရွယ်စဉ် ကလေးဘဝတုန်းက သူဟာ ရည်မှန်းချက်တွေ ထုတ်ပိုးသယ်ဆောင်ပေးလို့  ကျွန်တော်နှင့် အတူတူရင်ဆိုင်ဖြတ်သန်း ပေးခဲ့ဖူးတယ်။ လမ်းညွှန်ပြသပေးမဲ့ ဆရာဆရာမ၊ နွေးထွေးတဲ့ မိဘအသိုက်အမြုံ ၊ မြူးထူးခုန်ပေါက်ဖော် ချစ်စရာသူငယ်ချင်းလေးတွေကြောင့် လျှောက်ခဲ့ရတဲ့ အဖြူအစိမ်း ဘဝ လေး ဟာ အရာရာမက်မောစရာတွေနှင့် ဖြူစင်ရိုးသားစွာ သူနှင့်အတူ ကုန်လွန်ပြီးမြောက်ခဲ့တယ်။ ရည်မှန်းချက်ရဲ့ ဆုံမှတ် ဝါသနာပါရာ လမ်းစအထိ သူလိုက်ပါပို့ ဆောင်ခဲ့ပြီးတဲ့ နောက်မှာတော့ သူနဲ့  အခိုက်အတန့် လေး ဝေးကွာခဲ့တယ်။
နောက်တော့ ယုံကြည်မှု ခပ်ပါးပါးလေးထုပ်ပိုးပြီး ထည်ဝါခံ့ညားတဲ့ ကျောင်းပရဝဏ်ထဲကို ခြေချပြန်တော့လည်း သူဟာ အဆင်တစ်မျိုးနှင့် ကျွန်တော်နဲ့ အတူ မခွဲမခွာရှိနေခဲ့ပြန်တယ်။ လက်တွေ့ အသက်မွေးပညာရပ်တွေနှင့် ကျယ်ပြန့် လှတဲ့ လူမှုဆက်ဆံရေးပညာရပ်တွေကို ပေးဝေတဲ့ တက္ကသီလာမှာ ပညာနှင့်စိတ်အဟာရ သောက်သုံးခဲ့တဲ့အချိန်တွေရော သူကအနားမှာပါပဲ။ချစ်ခြင်းများနှင့်သီတဲ့ကဗျာတွေ ကိန္ဒရီ ကိန္ဒရာအလွမ်းတွေ ခြွေခဲ့တဲ့ ကဗျာစာအုပ်လေးတွေရဲ့  နင့်နင့်နဲနဲ အလွမ်းထုကြီးကိုလည်း သူက မငြိုမငြင်သယ်ခဲ့ပေးတယ်လေ။ အဲဒီတုန်းကဆိုရင် ကျွန်တော်ပျော်သလိုပဲ သူလည်း လန်းဆန်းပေါ့ပါးစွာနှင့် လေမှာလွင့်နေမှာပါပဲ။
ဒီလိုနှင့် နာရီလက်တံ ပြောင်းလဲကုန်ဆုံးသွားတာနှင့်အတူ အပြောင်းအလဲ ကိုရင်ဆိုင်ကြဖို့ ကျွန်တော်အပါအဝင် သူလည်းပါလာခဲ့ပြန်တယ်။ အခုဆိုရင် အလုပ် တာဝန်တွေ နေရာယူလို့  သူလည်း လေးလံနေလောက်ပြီး။ အရင်ကလို ပေါ့ပေါ့ပါးပါးအရာတွေ သယ်ဆောင်ပေးခဲ့သလိုမျိုး မသွက်လက်တော့ဘူးထင်ပါတယ်။ တစ်ခါတစ်လေ သူ့ ညည်းသံသဲ့သဲ့တောင်ကြားမိသေးတယ်။ ဒါက “လူ့ ဘဝ ဝင်ကာစ တံခါးပေါက်ပဲ ရှိသေးတယ်”လို့ ကျွန်တော်က ခပ်တိုးတိုး အားပေးမိတယ်။ ကျွန်တော်ကရော မိဘအေးရိပ်မြုံနဲ့  ဝေးကွာ ၊ တိုင်ပင်ဖော်သူငယ်ချင်းတွေမဲ့တဲ့ ဒီနေရာမှာ အားငယ်နေလို့  ဖြစ်ပါ့မလား။ အရှုံးတွေကို လက်ကမ်းဖို့ မှ ကျွန်တော်က သတ္တိ မရှိဘူးဆိုရင် ၊ လာမဲ့မနက်ဖြန်တွေမှာ မျှော်လင့်ခြင်းနဲ့ ထုဆစ်မဲ့ ကျွန်တော့်မူပိုင် အိမ်လေးရုပ်လုံးပေါ်ဖို့ ဆိုရင် သူ ဆိုတဲ့ ပခုံးထက်မှာ အမြဲနေရာယူခဲ့တဲ့ အဖော်မွန်လွယ်အိတ်လေး ကိုလွယ် ကျွန်တော် တိုက်ပွဲဝင်ဆင်နွှဲရအုံးမယ်။
13 comments:
တူရီးတော် တိုက်ပွဲဝင်ဖို့ အဆင့်သင့်ပြင်ထားပါ
နောက်မဆုတ်တမ်းနော်...
အားမငယ်နဲ့
ဘကြီးတော်တစ်ယောက်လုံးအနားမှာရှိတယ်..
စိတ်မညစ်နဲ့ ပျော်ပျော်နေသေခဲ...
လိုအပ်ရင် ဘကြီးတော်ကို သတိရလိုက်
အမြန်ဆုံးနည်းနဲ့ ကြုံရာစီးပီးလာမယ်
ချစ်တဲ့
ဘကြီးတော်
တုနန်ရေ..ကောင်းတယ်။ အိတ်လေးတလုံးအကြောင်းကို အခုလိုရေးသွားတာ တော်တော်ကောင်းတယ်။ ဘ၀ကို ဆက်လက်ချီတက်လိုက်ပါဦး.ဒီအဖော်လေးနဲ့:)
ဘ၀ရဲ. ခံစားချက်လေး တွေချရေးသွားတာ
ကောင်းလိုက်တာဗျာ...စိတ်ဓာတ် မကျပါနဲ.ဗျာ
အားပေးနေပါတယ် ဆက်လက်ချီတက်ကြတာပေါ.
ဖတ်ရှုခံစားလို့ ကောင်းလှတယ်။ သူလဲ ဘဝအမောတွေနဲ့ လေးလံနေမှာတော့ အမှန်ပဲ။ :P
နွန်နွန်ရေ..
ဘ၀တိုက်ပွဲတွေကို အောင်မြင်အောင် တိုက်နိုင်ပါစေ ညီလေးရေ..
ခင်မင်စွာဖြင့်
သီဟသစ်
ဒီစာဖတ်ပြီးကျောင်းလွယ်အိတ်လေးကိုလွမ်းလှတယ်
ရှေ့ဆက်အောင်အောင် မြင်မြင်နဲ့ လျှောက်လှမ်းနိုင်ပါစေ...
အစစအရာရာ အဆင်ပြေပါစ သူငယ်ချင်းရေ
အရှုံးတွေကို လက်ကမ်းဖို့ မှ ကျွန်တော်က
သတ္တိမရှိဘူးဆိုရင် ၊ လာမဲ့မနက်ဖြန်တွေမှာ မျှော်လင့်ခြင်းနဲ့ ထုဆစ်မဲ့ ကျွန်တော့်မူပိုင် အိမ်လေး
ရုပ်လုံးပေါ်ဖို့ ဆိုရင် သူ ဆိုတဲ့ ပခုံးထက်မှာ အမြဲနေရာယူခဲ့တဲ့ အဖော်မွန်လွယ်အိတ်လေးကိုလွယ်
ကျွန်တော် တိုက်ပွဲဝင်ဆင်နွှဲရအုံးမယ်။
တကယ်ကောင်းတဲ့ အရေးအသားပါ တလနွန် အားပေးနေပါဦးမယ် . . . . .
ဦးဦး ဘ၀ဆိုတာ ဒီလိုပါပဲ ဦးဦးရ...
စိတ်မညစ်နဲ့ သွေးမပျက်နဲ့.....
ပျော်ရွှင်ပါစေ ဦးဦးရေ
ဒါနဲ့ ဦးဦးကို ပြောမလို့ ... ဘလော့မှာ ပို့စ်တင်တဲ့အခါ စာတွေကို အဂျက်စ်မန့်လေး လုပ်ရင် ပိုကောင်းမလားလို့လေ။
ပြီးတော့ စာလုံးဆိုဒ်ကိုလဲ နဲနဲလေး ကြီးလိုက်ရင် ဖတ်ရတာ ပိုအဆင်ပြေမလားလို့..နော်... ပြောကြည့်တာနော်... ဘာမှတော့မဟုတ်ပါဘူး... ဆရာလုပ်တယ် မထင်နဲ့ဦး..ခင်လို့..နော်...
ကိုညရေ..
ကျနော် နေမကောင်းဖြစ်သွားလို့ဗျာ။ ကိုညဆီ အခစားမ၀င်မိတာ ခွင့်လွှတ်ပါ။ ကိုညကလဲ ကျောပိုးအိတ်ကိုကြိုက်တာလား။ ကျနော်လဲ ကျောပိုးအိတ်ပဲ။ ခုထိ အလုပ်သွားလဲ လွယ်တုန်းလေ။ ကိုညနဲ့ လာတူနေပြီ။ အဟက်။ ကိုညရဲ့ အကြွေးကို ကျနော်ဆပ်မှ ဖြစ်တော့မယ်နော်။ နေကောင်းပြီဆိုတော့လေ။ နို့မို့ ကျနော့်အကိုက အိမ်တောင် လာမလည်တော့ဘူးကိုး။ အဟီး။
ရဲဘော်ရဲဘက်လေးပေါ့ ..း)
တိုက်ပွဲတိုင်းအောင်နိုင်ပါစေး)
That was a VERY interesting one! Seriously interesting.
Thanks for sharing that. It was fun reading it. :-)
Post a Comment