ရက်ပေါင်း တစ်ထောင်ကျော်ပဲ ကမ္ဘာမြေကြီးက သက်တမ်းကျန်တော့တယ်တဲ့လား ?? ဒီသတင်းက မိခင်ကမ္ဘာမှာ မှီခိုနေကြတဲ့ သတ္တ လူသား တွေအတွက် အတွေးတစ်ခုတော့ အရည်ပျော်စေခဲ့သည်တော့ အမှန်။ ဒီဖြစ်စဉ် ဖြစ်၏ မဖြစ်၏ ကယက်တစ်ခုထပွက်ခဲ့ခြင်းနှင့်အတူ ထိုနောက်ကွယ်မှာလည်း ယုံကြည်၏ မယုံကြည်၏ သည် လူသားတွေကြားမှာ လှိုင်းတစ်ခုတော့ ထခဲ့မည်သာ။
တိကျသေချာခြင်းမရှိတဲ့ ဒီဝိုးတဝါးသတင်းမှ အလင်းတစ်ခုထွန်းညှိပေးလိုက်သလို ရှိစေခဲ့သည်ကတော့ မုချအမှန်ပင်။ ကျွန်တော်တို့ တစ်တွေ တစ်နေ့ နေ့ တော့ သေခြင်းနိုင်ငံသို့  ပါမစ်မလိုပဲ ကူးရအုံးမည်။ ဒါပေမဲ့ ကျွန်တော်တို့ တွေဟာ လောဘ၊ဒေါသ၊မောဟ အမှောင်တွေရဲ့ ကြားမှာ ရပ်တည်ရှင်သန်ရင်း သေ ဆုံးခြင်းဆိုတာကို ကိုယ်နှင့်လားလားမှ မဆိုင်သလို မေ့လျောထားခဲ့မိတာကြာပြီးမဟုတ်ပါလော ( ၇၀% သော လူသားများအတွက်သာ။ ဤကား စာရေးသူ၏ စကားချပ် :D )
ရော်ရွက်ဆိုတာ အချိန်တန်ုလို့ ပဲဖြစ်ဖြစ်၊ နွေလေရူးကျီစယ်လို့ ပဲဖြစ်ဖြစ် ကြွေရမည်မှာ ဓမ္မတာပဲမဟုတ်လား။
အခုလည်း ကပ်ဆိုးတစ်ခုကြုံလို့  ကမ္ဘာမြေကြီး အိပ်စက်အနားယူတော့မည်ဆိုရင် မှီခိုသူ ကမ္ဘာသူကမ္ဘာသားများသည်လည်း အတူတူလောင်ကျွမ်းကွယ်ပျောက်သွားပေတော့မည်။ အဲဒီလို အခြေအနေမျိုးဖြစ်ခဲ့သည်ရှိသော် ဘလော့သူဘလော့သားထဲက ကျွန်တော်လည်း တဂ်ပို့ ထဲက မေးခွန်းတွေအတိုင်း စိတ်ထဲကဖြစ်ပေါ်နေတဲ့ ဖီလင်တွေ ချရေးကြည့်မိပါတော့တယ်……………..(မခရေညို တဂ်ထားတာ နောက်ကျမှရေးဖြစ်တဲ့ အတွက် တောင်းပန်ပါ၏)
(၁)ဘယ်သူတွေနဲ့ ရှိနေချင်လဲ
မခွဲခွာရခင်တော့ ချစ်သူခင်သူအားလုံးနဲ့  အတူတူရှိနေချင်တယ်။
(၂)ဘာတွေခံစားနေရမလဲ
နောင်ကမ္ဘာသစ်ဖြစ်တည်ခဲ့ရင်တောင် ချစ်သူခင်သူတွေနဲ့  ဆုံနိုင်ပါအုံးမလားလို့ ပါ။
(၃)ဘာတွေ ပြင်ဆင်ထားမလဲ
မေတ္တာလက်နက်ကအစွမ်းထက်ဆုံးလို့ ခံယူထားတဲ့အတွက် ကျွန်တော့်ယုံကြည်မှုကြောင့် လုံခြုံနေမှာပါ။
(၄)ဝမ်းနည်းမိတာက
အိပ်မက်တွေထုဆစ်ရင်းတန်းလန်းမို့ ။
(၅)ကြောက်လန့် မိတာက
ကမ္ဘာပျက်လို့  နာနာကျင်ကျင်အော်ဟစ်တဲ့အသံတွေ။
(၆)ဆောင်ထားချင်တာ
လောင်ကျွမ်းပျက်စီးနိုင်တဲ့ အရာတွေထက် စိတ်ထဲမှာ လုံလုံခြုံခြုံသိမ်းနိုင်တဲ့ သရဏဂုံ။
(၇)ဘာတွေရေးမိမလဲ
ရေးဖြစ်လိမ့်မယ် မထင်ပါဘူး။
(၈)တွေးမိတွေးရာ အတွေး
ကျွန်တော်တို့ တွေရဲ့  ရှင်ခြင်း သေခြင်းက ရုပ်သေးဆရာရဲ့  ကကြိုးကကွက်နဲ့ တူနေသလိုပါပဲ။
(၉)ဂုဏ်ယူချင်တာက
မိဘအတွက် အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တဲ့ သားတစ်ယောက်မဖြစ်ခဲ့တာတောင် အထိုက်အလျောက်တော့ ဂုဏ်ယူပီတိဖြစ်စေခဲ့ပြီး။
(၁၀)ရှာကြံဖြေသိမ့်မိတာက
ကမ္ဘာပျက်ခြင်းရထားမဆိုက်ရောက်ခင်ကတည်းက ဒုလ္လဘရဟန်းခံပြီးမြောက်ခဲ့ခြင်းပါပဲ။
(၁၁)ကျူးရင့်ချင်တဲ့ ဥဒါန်း
သေခြင်းက လက်တကမ်းအလိုမှာပဲရှိတော့တယ်။ သေချာတာကတော့ သာမာန်ထက် ဝင်သက် ထွက်သက် ပြင်းပြင်းနဲ့  ကျုးရင့်နေမိမှာပဲ :D

18 comments:
ညီရေ..
ကမ္ဘာပျက်ပုံလေးကို လာကြည့်တာ..
“ကျွန်တော်တို့ တစ်တွေ တစ်နေ့ နေ့ တော့ သေခြင်းနိုင်ငံသို့  ပါမစ်မလိုပဲ ကူးရအုံးမည်။ ဒါပေမဲ့ ကျွန်တော်တို့ တွေဟာ လောဘ၊ဒေါသ၊မောဟ အမှောင်တွေရဲ့ ကြားမှာ ရပ်တည်ရှင်သန်ရင်း သေ ဆုံးခြင်းဆိုတာကို ကိုယ်နှင့်လားလားမှ မဆိုင်သလို မေ့လျောထားခဲ့မိတာကြာပြီးမဟုတ်ပါလော”
ညီရေးထားတာလေးက သိပ်မှန်တဲ့ စကားတွေပဲ..
တလေးတစားဖတ်သွားပါတယ်..
ဒို့တွေ အသေဖြောင့်နိုင်ဖို့ အနေဖြောင့်ဖို့ ကြိုးစားရတော့မှာပေါ့..
ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်
မောင်လေး တလနွန် ရဲ့
ကမ္ဘာပျက်ပုံလေးက အရာရာ ကို
အကောင်းမြင်နဲ့ပျက်သွားတာ တကယ်ကို
အားရစရာပါပဲ။
နောက်ကျမှ ရေးတဲ့အတွက် ကျေနပ်ဘူး!!!!!!!!!
ဗီဒီယိုဖိုင်တွေ ကြည့်သွားတယ်
တကယ်လို့သာ တစ်နေ့နေ့မှာ သေခြင်းတရားကို ရင်ဆိုင်ကြရင်တော့ ဘာအနှောင်အဖွဲ့မှမရှိဘဲ အပူအပင်ကင်းစွာနဲ့ ဘ၀ကို ချုပ်ငြိမ်းချင်ပါတယ် ရေးသားထားတဲ့အတွေးတွေကို အားလုံးလက်ခံပါတယ်
အသေဖြောင့်ဖို့ အခုကတည်းက အနေဖြောင့်အောင် ကြိုးစားရတော့မှာပေါ့
ခင်မင်လေးစားလျက်
ဝိုင်း
အေးချမ်းစွာဘဲ အသက်ထွက်လိုက်ချင်ပါဒယ်
တလရွံရယ်
နောင်ကမ္ဘာသစ်ဖြစ်ခဲ့ရင်တောင် ချစ်သူခင်သူ
တွေနဲ့မဆုံချင်တော့ဘူးသယ်ရင်း
ကမ ၻာသစ္မွာအဝတ္အစားမပါဘူး
သစ်ရွက်ခြောက်တွေနဲ့ဟိုကာဒီကာပဲလုပ်ရလိမ့်မယ် အသိတွေနဲ့တိုးနေရင်ရှက်စရာကြီး :P
မီးကိုအစကနေပြန်ရှာရမယ် သားစိမ်းငါးစိမ်းလည်းစားရဦးတော့မယ်
ဝမ်းအနည်းမိဆုံးက သံစဉ်တွေကိုအစကနေပြန်ရှာရမှာကိုပဲ
ကမ္ဘာကြီးကြေပျက်ပျောက်ကွယ်သွားခဲ့ရင်
ကိုယ်တခုပဲနှမျောတယ်
အဲဒါကတော့ ရာစုသက္ကရာဇ်တွေနဲ့ရင်းပြီး
လူတွေဖန်တီးခဲ့တဲ့ “ဂီတ”ဆိုတဲ့အရာပါ
ပျောက်ကွယ်သွားရမှာကိုပဲ :(
ဟုတ်တယ်သယ်ရင်း
ဒီလောကမှာ ဘယ်လက်နက်မှဒေါသလောက်
ပေါက်ကွဲအားမပြင်းဘူး
ထို့အတူပဲ ဘယ်လက်နက်မှ မေတ္တာလောက်
မအေးချမ်းဘူး အရာမရောက်ဘူး အရာရာကိုမပြီးမြောက်စေနိုင်ဘူး
သရဏဂုံဆိုတဲ့မလောင်ကျွမ်းမပျက်စီးနိုင်တဲ့
တရားကိုလုံလုံခြုံခြုံသိမ်းဆည်းပြီး
အိပ်မက်တွေကိုစိတ်ချလက်ချ ထုဆစ်လှည့်ပါသယ်ရင်း
အဲဒါဆိုရင်၂၀၁၂မှာ
ကမ္ဘာတကယ်ပျက်ခဲ့တယ်ဆိုရင်တောင်
ဒို့တွေရဲ့လားရာသံသရာက မဝေဝါးဘူး
ဒုလ္လဘရဟန်းခံပြီးပြီဆိုလို့ဝမ်းသာတယ်
အဲဒါလည်းမိဘကျေးဇူးဆပ်ခြင်းမည်တယ်
ကိုယ်ဆိုရင်ခုထိမခံရသေးဘူး
ကမ္ဘာမပျက်ခင်အတောအတွင်းတော့ ရဟန်းဘောင်ဝင်ပြီးဘုရားသားတော်အဖြစ်
အမိအဖတွေကိုဂုဏ်ယူစေချင်သေးတယ်
ကဲ....နောက်ဆုံးဗွီဒီယိုလေးကိုကြည့်လိုက်မယ်
တလနွန် ...
အသက်အရွယ်နဲ့ မမျှအောင် အသိဓာတ်တရား ရှိတယ်။
(ချီးမွှမ်းခြင်း(သို့) ကဲ့ရဲ့ခြင်း ကင်းတဲ့ မှတ်ချက်တခုသာ ဖြစ်ပါတယ်။)
ညီက အားလုံးကိုချုံပြီးပြောသွားတာပဲ...
မှန်ပါတယ်...
တွေးခေါ်မှုတော်တော်ကောင်းတယ်...
ဟာ.... ဟေ့ရောင် လကြီး
တွေးတတ်လိုက်တာ။
တော်တယ်ဟ။ ငါ့သူငယ်ချင်းပီသတယ်။ အဟဲ (အမှတ်ဝင်ယူသွားတယ်နော်) ဟိဟိ
ကိုတလနွန်ရေ ဒီကမ္ဘာကြီးထဲမှာ အကြာကြီးနေပြီးတော့လည်း မထူးတော့ပါဘူး ... အချိန် တန်ရင်တော့ မဖြစ်မနေသွားရမယ့် ပန်းတိုင်ကို အမြန်သွားလိုက်တာပဲ ကောင်းမယ်ထင်တယ်ဗျာ
ကမ္ဘာ ပျက်တာလာကြည့်သွားတယ်ဗျို့.။ အတွေးအခေါ်လေးတွေလည်း လာယူသွားပါတယ်။
ခင်မင်လေးစားလျှက်
ညီညီ(အနာဂါတ်သံစဉ်)
နံပါတ်(၁၀) ရှာကြံဖြေသိမ့်မိတာလေး ကိုဖြေထားတာ
သဘောအကျဆုံးပဲ။
နောက်ဆုံးအချိန်မှာ သရဏဂုံ ကိုသာ ရွတ်ဖတ် တည်တာ အကောင်းဆုံး ထင်တယ်
ရိုးရျင်း မှန်ကန်စွာ ရေးထားတာလေးတွေ မမ လာဖတ်သွားတယ်နော်..
21,12,2012 Doomsday; the end of the world နဲ့ ပတ်သက်လို့တော့ အမျိုးမျိုး ပြောနေကြတာပဲဗျ။ တစ်ချို့ကလည်း မယုံဘူးပေါ့။ တစ်ချို့ကလည်း ယုံတယ်ပေါ့။ ဒါပေမဲ့ မမြဲတဲ့ လောကမို့ ကံသေကံမတော့ မပြောနိုင်ဘူးလို့ ထင်ပါတယ်။ ကမ္ဘာက တကယ် ပျက် မပျက်တော့ မသိဘူး။ ဒီအကြောင်း ရိုက်ထားတဲ့ ဟောလီးဝုတ်ဇာတ်ကားလေးတော့ အရမ်းကြည့်ချင်နေမိတယ်။ :D
ဝမ်းနည်းရတာက အိမ်မက်တွေ ထုဆစ်နေရတုန်း
မို့ လို့ တဲ့  . . . ကိုနွန်ကြီးကတော့ လုံးဝ ကဗျာ
ဆန်သွားပြီဗျာ . . . ခံစားချက်လေးတွေ တိုတို
ပြတ်ပြတ် ရှင်းရှင်းလေးရေးထားတာ သဘောကျမိတယ်ဗျာ
မှန်တယ်မောင်လေးရေ ... ကမ္ဘာပျက်ပျက် မပျက်ပျက် အသက်ရှင်နေသမျှ ကာလလေးမှာတော့ စိတ်ကောင်းစေတနာ ကောင်းလေးနဲ့ သေတတ်ဖို့အတွက် နေတတ်ဖို့ အရေးကြီးတယ်နော်။
"ကျွန်တော်တို့ တွေဟာ လောဘ၊ဒေါသ၊မောဟ အမှောင်တွေရဲ့ ကြားမှာ ရပ်တည်ရှင်သန်ရင်း သေ ဆုံးခြင်းဆိုတာကို ကိုယ်နှင့်လားလား"
အရမ်းကို မှန်ကန်တဲ့ အတွေးလေးပါပဲ။ သေချာမှတ်သား သွားပါတယ်။
ခင်မင်လေးစားလျှက်
Post a Comment