အားလုံးအတွက် ကော်ဖီ

Friday, May 15, 2009



သူငယ်ချင်းတစ်စု…တိတိကျကျပြောရရင် လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလတုန်းက တက္ကသိုလ်မြေမှာ

အတူတူကျောင်းတက်ဖော်တွေ။ အခု သူတို့  အားလုံးရဲ့ တက္ကသိုလ်ဆရာဟောင်းတစ်ယောက်ဖြစ်သူ

ဆရာမြကို ကန်တော့ဖို့  အချိန်းအချက် လုပ်ပြီး ချီတက် လာကြပါတော့တရ်။ ဆရာမြက တပည့်

ဟောင်းတွေကို ဝမ်းသာအားရဆီးကြိုပြီး အလာပသလာပတွေပြောကြတာပေါ့။ တပည့်တွေက သူတို့ 

အလုပ်အကိုင်အခြေအနေ အဆိုးအကောင်းတွေ စီကာပတ်ကုံး ရင်ဖွင့်နေကြရဲ့ ။ အများဆုံးပြောဖြစ်

ကြတာကတော့ ဘဝ နှင့် အလုပ် က ရလာတဲ့ Stress တွေအကြောင်းပေါ့။။။

ခဏနေကြတော့ ဧည့်ခံတဲ့အနေနဲ ဆရာမြက မီးဖိုချောင်ထဲ ဝင်သွားပြီး ကော်ဖီအိုးလေး နှင့် ခွက်က

လေးတွေ ယူလာ ခဲ့တယ်။ အဲဒီမှာ တချို့ ခွက်ကလေးတွေက တန်ဖိုးကြီးကြွေခွက်ကလေးတွေ တစ်ချို့ 

ကျတော့ ပလတ်စတစ်ခွက်ကလေးတွေ တစ်ချို့ ကျတော့ ဖန်ခွက်ကလေးတွေပေါ့။ ဆရာမြက သူ

့တပည့်တွေကို “ကော်ဖီ ထည့်သောက်ကြအုံး” လို့ ဆိုလိုက်တယ်။

သိပ်မကြာခင်မှာပဲ အားလုံးတစ်ယောက်တစ်ခွက်စီ နှင့် ကော်ဖီသောက်လို့ ပေါ့။ ဆရာမြက သူတပည့်

လေးတွေကို ကြည့်ပြီး “အားလုံးကော်ဖီသောက်တာ အကောင်းစားခွက်ကလေးတွေကိုပဲ ရွေးထားကြ

ပါလား။ ပလစ်စတစ်ခွက် ဖန်ခွက်တွေကို ချန်ထားခဲ့ကြ တယ်ပေါ့။ အားလုံးက အကောင်းစားတွေကို

သဘောခွေ့ တာ ကြောင့်ပဲ Stress တွေ ပြသနာတွေ ကို မွေးဖွားစေတာ” လို့ ဆိုလိုက်တယ်။

တပည့်တွေကလည်း ဆရာမြ ပြောတာ သိပ်နားမလည်ဘဲ ပြူးပဲပြူးကြည့်နေတယ်။ ဆရာမြကလည်း

ချောင်းတစ်ချက်ဟန့် ပြီး စကားကိုပြန်ဆက်တယ်.. “ဒီခွက်ကလေးတွေကြောင့် ကော်ဖီအရသာ

မပြောင်းလဲဘူးဆိုတာ သိကြတာပဲ။ အားလုံးတကယ်လိုအပ်တာက ကော်ဖီ၊ ခွက်မှ မဟုတ်တာ။ ဒါပေမဲ့

အကောင်းဆုံး ခွက်ကလေး တွေနဲ့ မှ သောက်ချင်တာ လူ့ မနောလေ။ နောက်ပြီး ဘယ်သူ ဘာခွက်နဲ့ 

သောက်နေကြတာလဲ အချင်းချင်း အကဲခတ်ကြသေးတယ်”

ဆိုပါစို့  ဘဝဆိုတာ ကော်ဖီဆိုရင် အလုပ်အကိုင် ၊ ငွေ ၊ တိုက် နှင့် တန်ဖိုးကြီးပစ္စည်းတွေ အားလုံးဟာ

ခွက်ကလေးတွေပါ။ ဘဝထဲမှာ ခွက်ကလေးတွေနဲ့ တူတဲ့ ဒီပစ္စည်းတွေကြောင့် ကျွန်ုပ်တို့ ဘဝရဲ့  အနှစ်

သာရ ကို မပြောင်း လဲနိုင်ပါဘူး။ တစ်ချို့  လူတွေ ကြတော့ တန်ဖိုးကြီးခွက်လှလှလေးတွေ ရှာရင်းနှင့်ပဲ

ရလေ လိုလေ အိုတစ္ဆေ္တ ဖြစ်ပြီး Stress တွေပဲပိုပိုများလာတယ်မဟုတ်လား။ ဘုရားက အားလုံးကို တန်း

တူရည်တူ ဘဝရဲ့ အနှစ်သာရ ကိုပေးထားကြတာပဲ။ အရောင်စုံကွဲပြားနေတဲ့ ခွက်ကလေးတွေမှ မဟုတ်

တာ။ ဒါကြောင့် ဘဝဆိုတဲ့ ကော်ဖီလေးကို နှစ်သက်ရင်း ရောင့်ရဲတတ်ပါစေ။

ဆရာမြပြောတာပြီးသွားပေမဲ့ တပည့်တွေကတော့တစ်ယောက်တစ်မျိုးစီ အတွေးတွေနဲ့ ကျန်ရစ်ခဲ့တယ်။


ကျွန်တော် Life’s Coffee ကိုဖတ်ရင်းနဲ့ ရလာတဲ့အတွေးတစ်ချို့ နဲ့ ဆီလျော်အောင် ဘာသာပြန်ကြည့်မိပါ

တယ်။လိုအပ်ချက်များသည် ကျွန်တော်အားနည်းချက်ကြောင့်သာ ဖြစ်သည်။

8 comments:

Sein Lyan Tun said...

အင်း
ကျနော့်အထင်ပေါ့လေ
ကော်ဖီကို ကော်ဖီခွက်နဲ့သောက်မှ
ကော်ဖီအရသာပိုရှိမယ်ထင်တာပဲ
ကော်ခွက်ထဲက ကော်ဖီနဲ့ ကော်ဖီခွက်ထဲကကော်ဖီ
ဘယ်တာအရသာပိုရှိမလဲနော်
ကျနော်လဲအရင်ဆုံးရွေးခွင့်ရရင်တော့
ကော်ဖီခွက်သီးသန့်ထဲကကော်ဖီပဲရွေးမိမှာပါ
နောက်ဆုံးမရရင်တော့ ရှိတာရွေးမယ်လေ
ဘာကြောင့်လဲဆိုတော့ ကော်ဖီင်္နံ့ရရင်မနေနိုင်ဘူး
ဒါကြောင့် ကျနော့်ဘဝမှာလဲဒီလိုပဲနေမှာပေါ့နော့်
ရွေးခွင့်ရရင်တော့ရွေးပေမယ့်
မရရင်တော့ ရှိတာလေးနဲ့ကျေနပ်တတ်ရမယ်ထင်တယ်
ဖတ်ရင်းနဲ့တွေးမိတာလေးပါဗျာ
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

မိုးစက်အိမ် said...

လှတဲ. သန်.တဲ.ခွက်လေးနဲ.တော.လူတိုင်းသောက်ချင်မှာပေါ.နော်...
ဒါပေမဲ. ပုံသေကားချပ်ရယ်တော.မဟုတ်ဘူးပေါ. အကြောင်းအချက်လေးတွေ
လဲရှိကြမှာပါ...ကိုယ်စီကိုယ်ဌ ပေါ. ... ဒါပေမဲ. စဉ်းစားသွားတဲ.
thinking လေးတော. ကြိုက်တယ်အကိုရေ....

အိုက်ခီလောက် said...

အင်း ကော်ဖီသောက် တယ်ဆိုတော့
ဘာပြောပြောပါလေ နေတတ်မယ်ဆိုကျေနပ် စရာတွေပဲလို့ ထင်ပါတယ်
တွေးမိတာလေးကို သဘောကျပါတယ် အကိုရေ

မိုးခါး said...

း)
လိုပီသတာပေါ့နော် .. အကောင်းမှကြိုက်တတ်တာလေ .. မှတ်သွားပါတယ်နော် ..

ဝလုံးဝိုင်းဝိုင်း said...

ကော်ဖီ အရသာက အဓိက ဆိုပေမယ့် သင့်တော်တဲ့ ခွက်ကလေးနဲ့ သောက်ရင်တော့ ပိုအဆင်ပြေမယ် ထင်တယ်။ ကိုယ့်မှာ မရှိတဲ့ ခွက်ကိုတော့ တမ်းတနေဖို့ မလိုဘူး။ ရှိထားတဲ့ ခွက်လေးတွေနဲ့တင် ရောင်ရဲနိုင်ဖို့ အရေးကြီးမယ် ထင်မိတယ်။ အတွေးကောင်းလေးတွေနဲ့ ပို့စ်လေးပါပဲ။

သီဟသစ် said...

ကော်ဖီကောင်းကောင်းလေးကို ခွက်သန့်သန့်နဲ့ သောက်ချင်တယ်..

:D

stress ကို လက်ဖက်နဲ့သုပ်စားမယ်..

Unknown said...

ကိုတနွန် ရောက်တယ် :)
စာမေးပွဲတွေဆက်နေပြီ ဆိုပါတော့ ခုရေးထားတာလေး သဘောကျမိတယ်
အကြောင်းတရားတွေ တိုက်ဆိုင်နေတယ် ဆိုပါစို့...
ကောင်းသောနေ့ပါ စာရေးတော့ကျဲဦးမယ် ကိုတလနွန် အားပေးလျက်ပါ :)

Anonymous said...

ကျွန်တော် အခု ကော်ဖီတစ်ခွက်တော့ သောက်မနေပါဘူး .. ဒါပေမယ့် ဒီပို့စ်လေးက တော်တော်လေးကို အတွေးများစေခဲ့ပါတယ် ... ကျွန်တော်သာဆိုလည်း ဘယ်ခွက်ကိုများ ရွေးခဲ့မိမလဲ .....

ဘဝဆိုတာ တကယ်ကို ရောင့်ရဲတတ်ဖို့ သင့်ပါတယ် ...

နေဒေးသစ်။

 

Posts Comments

©2006-2010 ·TNB