ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ တုန်းက အိမ်တွင်းအောင်းနေတာကြာပြီး ဖြစ်လို့  အပြင်လည်ထွက်ခဲ့ပါတယ်။ ရောက်ခဲ့တဲ့ နေ ရာ ကတော့ Marina Barrage Building လေးပါ။ ထူးခြားချက်က အပေါ်ခေါင်မိုးပေါ်မှာ မြက်ပင်တွေ စိုက်ထားတယ်။ အဲဒီအပေါ်က နေပြီးတော့ စင်ကာပူမြို့ ရဲ့  Veiw တွေ ရှုနိုင်သလို စွန်လွတ်လို့ လည်းရပါတယ်။ အဲဒီနေရာကို Marina Bay Mrt ကနေ Shuttle Bus စီးပြီး သွားလို့  ရပါတယ်။ ည ကိုးနာရီအထိ ကား(အပြန်ဘက်) ရှိပါတယ်။နေရာတော့ နည်းနည်းကျဉ်းပေမဲ့ အထိုက် အလျောက်တော့ လာလည် တဲ့သူရှိပါတယ်။ ကျနော် လက်ဆော့ပြီး ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေကို သည်းခံပြီး ကြည့်ပေးကြပါအုံး (အပျော်တန်းရိုက်ထားတာမို့  အားနည်းချက်ရှိရင် ကြိုတောင်းပန်ပါတယ်)
Marina Barrage Building ရဲ့ အဝင်ဝ
ဝင်ပေါက်ကနေ ဘယ်ဘက်ချိုးရင် ရေပန်းတွေနှင့် ဆော့နေကြတာကို တွေ့ ရပါတယ်
ညာဘက်ချိုးရင်တော့ တီးဝိုင်းဖျော်ဖြေနေတာကို တွေ့ ရပါတယ်
ပင်လယ်ဘက် မျက်နှာမူထားတဲ့ စားသောက်ဆိုင်
တံတားလေးကနေ Marina Barrage Building ကိုမြင်ရတဲ့ပုံပါ
တံတားကနေ ပင်လယ်မြင်ကွင်း
တံတားကနေ မြင်ရတဲ့ ကောင်းကင်ပေါ်ပျံနေတဲ့ စွန်တွေ
Marina Barrage Building မြက်ခင်းပြင်(အပေါ်ဆုံးထပ်) မှာ စွန်လွတ်နေကြတဲ့သူများ-၁
Marina Barrage Building မြက်ခင်းပြင်(အပေါ်ဆုံးထပ်) မှာ စွန်လွတ်နေကြတဲ့သူများ-၂
Marina Barrage Building အတွက် လျှပ်စစ်ထုတ်ပေးတဲ့ Solar Park
စင်ကာပူမှာ ရေနှင့်ပတ်သက်တဲ့ ဓါတ်ပုံပြခန်း- ၁ (အတွင်းပိုင်းမြင်ကွင်း)
1960 တုန်းက ပုံ
1963 က ပုံ
စင်ကာပူမှာ ရေနှင့်ပတ်သက်တဲ့ ဓါတ်ပုံပြခန်း- ၂ (အတွင်းပိုင်းမြင်ကွင်း)
စင်ကာပူမှာ ရေနှင့်ပတ်သက်တဲ့ ဓါတ်ပုံပြခန်း- ၃ (အတွင်းပိုင်းမြင်ကွင်း)
ကျောက်နှင့်အလှဆင်ထားတဲ့ လမ်းလေး
အပြန်မှာ ကားပေါ်ကနေ လှမ်းရိုက်ထားတာပါ
14 comments:
အပျော်တမ်းလက်ရာဆိုပေမယ့် မမြင်ဘူးတဲ့ နေရာလေးတွေ စုံအောင်တွေ့လိုက်ရတော့ ကိုယ်တိုင်ရောက်သွားသလိုပါပဲ ...
ဓာတ်ပုံလေးတွေ သဘောကျသွားတယ် ...
နေဒေးသစ်။
မရောက်ဘူးသေးဘူး တုနန်ရေ...မိုက်တော့ မိုက်တယ်...အားမှသွားလိုက်ဦးမယ်......
ကျေးဇူး
စွန်လွှတ်တဲ့လူတွေတော်တော်များသားပဲကိုးဗျ
ဓါတ်ပုံလေးတွေကကောင်းပါတယ် မမြင်ဖူး မရောက်ဖူးတဲ့နေရာတွေ တွေ့ရတာပေါ့
အမလဲ မရောက်ဖူးဘူး မောင်လေးရေ၊ လှတယ်နော်
နွန်နွန်ရေ
အဲဒီနေရာက တစ်ယောက်တည်းသွားရင် ပျော်စရာ မကောင်းဘူးကွ
ဘယ်သူနဲ့သွားတာလဲ မှန်မှန်ပြော..
ခင်မင်စွာဖြင့်
သီဟသစ်
လှတယ်။ နောက် လာလည်ရင် လိုက်ပို့နော့။
ဟုတ်တယ်..တစ်ညလုံး နေလို့ရတယ်။
ပြီးတော့ တစ်ချို့ဆို မနက်၂နာရီလောက်မှ လာတဲ့သူတွေလဲ ရှိတယ်....
အဲဒီမှာ ညရဲ့အလှကိုခံစားနေရတာ...
တခါပဲ ရောက်ဖူးပါတယ်။ အဟီးးးးးးးးမေမေ့ကိုလိုက်ပို့တုန်းက
:)
ကင်မရာမန်း လုပ်စားလို့ ရပြီ အူးအူးအလယ်လွန်....
အလယ်လွန်ပြီး ရိုက်လာတဲ့ ဓာတ်ပုံတွေက လှတယ်.... :P
အားပါး
ကိုည .. လှတယ်ဗျာ။
လိုက်ပို့ပေး။ ဂု။ ဟင့်။ =P
တက်ဂ်ပိုစ့်မှာ မန့်ရင်း ဖြေရှင်းချက်ထုတ်သွားပါတယ်ဗျာ။
ချိတ်ချိုးရ၀ူးနော် ကိုည။ နောက်လဲ အားရင်အားသလို
စိတ်ကူးပေါက်တိုင်း တက်ဂ်ဦးမှာ။ ကြိုတင် သံချောင်းခေါက်ခဲ့တယ်။အဟိ။
အင်...ဒီမှာ လေးနှစ်ပြည့်ပြီ ရောက်ဖူးဘူး သွားလိုက်အုံးမယ်။
မွန်လိုလဲပြောလိုက်မယ်..
မငေးရအောင်း
အင်း စွန်တောင်လွှတ်ချင်လာပြီ။။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး
တယောက်ထဲသွားတာလားဗျ...ပုံလေးတွေက ကြည့်ကောင်းတယ်
ကိုယ်တိုင်သေသေချာချာမရိုက်တတ်ပေမယ့် စိတ်ကူးကောင်းကောင်းနဲ့
ရိုက်ထားတဲ့ပုံတွေကို နှစ်သက်တယ်
း) စွန်လေးလွှတ်ချင်သွားတယ်ဗျာ ဒါပေမဲ့ ကျနော်က စွန်လွှတ်ရင် ဒီမှာလို အလှ မလွှတ်တတ်ဘူးး( ဓါတ်ပုံလေးတွေ ခံစားကြည့်သွားတယ် ပုံထဲကအတိုင်း ခြေရာကောက်လိုက်တော့ တယောက်ထဲ သွားတာ သေချာတယ် အဟီးးးး
လေးစားလျက်
တောင်ပေါ်သား
ဟဟ
ကိုတောင်ပေါ်နှိပ်ကွပ်တယ် ကြည့်
ခံနေရလား ကိုအလည်လွန်ကြီးရ
ပြန်ပြောလေ
(အချွန်နဲ့ မ၏ :D)
ရှုခင်းနဲ. အပန်းဖြေနေရာလေး တွေ ငေးမောသွားတယ်ဗျို.
Post a Comment