
အဆိုတော် ထွဏ်းခမ်း ရဲ့ ကျေးလက်တောင်တန်း သီချင်းပါ။ အခုတစ်လော ဒီသီချင်းပဲ ခဏခဏ
နားထောင်ဖြစ်တရ်။ မြန်မာပြည်နဲ့ ဝေးနေကြတဲ့ သူငယ်ချင်းတွေအားလုံး အကြိုက်ချင်းတူရင်
နားထောင်ကြည့်ကြပေါ့နော်။ မှိုင်းညို့ညို့ တောင်တန်းပေါ်က ပုလွေသံနဲ့ အစပြုထားတဲ့ ဒီသီချင်းက...
♥ ♥ ♥ ♥ ♥ ကျေးလက်တောင်တန်း ♥ ♥ ♥ ♥ ♥
မျှော်လင့်ခြင်းနှင့် ဘဝရဲ့ ပြေးလမ်းပေါ်မှာ ရှာဖွေကြိုးစားဘဝအတွက် ပြေးလွှားနေရင်း
အကြိမ်ကြိမ်လဲကျ ရှုံးနိမ့်မောပန်းလို့  နွမ်းနယ် ငြိမ်သက်နွေးထွေးတဲ့ ဘဝရဲ့အရိပ်ကို
ကျွန်တော်........တမ်းတ......ဝိုးဝိုး
မြို့ ပြညရဲ့ လမ်းမတွေပေါ် ဒဏ်ရာများနဲ့ တိုက်ခိုက် အသည်းကွဲချိန်မှာ
ယုံကြည်ခြင်းများအားနည်းပျောက်ဆုံး ဘဝမီးအိမ်
ကြယ်ရောင်မလင်းတဲ့ ဘဝရဲ့ ညတွေ ဖြတ်သန်းရင်း လမ်းပျောက်နေဆဲ
ဒီလိုမြို့ ပြဘဝက အဆင့်မြင့်ပါတယ် နေထိုင်စားသောက်ဖို့ အတွက် အားလုံးအဆင်သင့်
ဒါပေမယ့်လဲ ကျွန်တော်ရဲ့အသွေးသားကတောင်းဆို တောင်ပေါ်အမေ့ရဲ့ ထမင်းနှင့်ဟင်းကို
ကျွန်တော်........တမ်းတ......
ဆောင်းနှင်းများကြား ပွင့်တဲ့ ချယ်ရီ တောင်ပေါ်ထင်းရှုးရနံ့ လေး ရှုရှိုက်ချင်တယ်
မြေနီလမ်းလေးများက ပြောင်းလဲသွားမလား တောင်ပေါ်လမ်းလေးအတိုင်းအရောက်ပြန်မယ်
တောတန်းများရဲ့ အရိပ်ကို မျှော်ကြည့်ရင်း .......မျှော်ကြည့်ရင်း....
ဟိုအဝေးကမိုးသား တိမ်တိုက်များရဲ့ အောက် ဘယ်ခါမပြောင်းလဲသွားတဲ့ တို့ ရဲ့ နေရာ
နွေမိုးဆောင်း အပြောင်းအလဲ တောင်တန်းများရဲ့ ကြား
တသွင်သွင် စီးဆင်းသွားတဲ့ စမ်းချောင်းများ
ဘယ်တော့မှမမေ့ဘူး.......... ဘာနဲ့ မှ မလဲဘူး
သာယာအေးချမ်းလွန်းတဲ့ ကျေးလက်တောင်တန်း
ဘယ်တော့အရောက်ပြန်မယ် ဘယ်တော့နီးရမလဲ
အကြိမ်ကြိမ် လွမ်းမောရင်းနဲ့ မေ့မရဘူး
ရင်ထဲမှာ လွမ်းလို့ ………အရောက်ကို ပြန်လာမယ်
♥ ♥ ♥ကျေးလက်တောင်တန်း ♥ ♥ ♥နားထောင်ကြည့်ရင်း ဒေါင်းနိုင်ပါတရ်။

7 comments:
အိမ်ပြန်ချင်နေပါတယ် ဆိုမှ အလွမ်းတွေတိုးအောင် ...
လွမ်းနေပါတယ်ဆိုမှ ကိုနွန်ကဆွပေးသလိုဖြစ်နေတယ်နော်
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
အား အရင်ကတည်းက ကြိုက်နေတာ ချင်းအဆိုတော်ဆိုထားတာ
ထွဏ်းခမ်းသီချင်းကို ထွက်ကတည်းက လေးဖြူနဲ့ ဆင်လို့ နားထောင်မိတာကြာနေပြီနော် ကိုတလ ရေ ဒီသီချင်းက
တစ်ခွေလုံးကိုကြိုက်တာဗျ တောင်ကြီးသားတွေ သီချင်းကောင်းရင်တော့ လက်မနှေးဘူးဗျ အိမ်မှာလည်းသူ့ ခွေရှိတယ် အတော်ကောင်းတာ
ကျေးဇူးပဲဗျာ ထပ်နားထောင်ရတာပေါ့ အားရှိလိုက်ပါပိ
ရှမ်းတောင်တန်း၊ ချယ်ရီ၊ ထင်ရူးရနံ့နဲ့ အမေ့အိမ်ကို လွမ်းပါတယ်ဆိုနေမှ. ငိုမိတော့မယ်။။
အခုလို သီချင်းလေဝေမျှပေးတာ ကျေးဇူးတင်ပါတယ်.။
ဒီသီချင်းလေး ဟိုးကတည်းကကြိုက်တာ ... ဘလော့လေးက နှင်းလေးတွေလဲ ကျလို့ပါလား မောင်လေးရေ ...
ကျနော်လဲ ညတိုင်း အိပ်ခါနီး ဒီသီချင်းလေး နားထောင်နေကြဗျာ..
လေးစားလျက်
တောင်ပေါ်သား
ထွဏ်းခမ် ဆိုတဲ့ သီချင်းတွေ ထဲမှာ ကျွန်တော် ဒီသီချင်းလေး တော်တော် သဘောကျမိတယ်ဗျာ ... သီချင်းစာသားလေးတွေ ကြည့်ရင်း တစ်ခါပြန် ခံစားသွားပါတယ် ...
နေဒေးသစ်။
Post a Comment