
ဆယ်တန်းဖြေပြီး ရန်ကုန်မှာသင်တန်းတက်တုန်းက ခင်တဲ့သူငယ်ချင်း အဆွယ်ကောင်း
တာနဲ့  လှည်းကူး ကို သွားလည်ဖြစ်ပုံပါ။ လှည်းကူးကို မရောက်ဖူးတော့ တစ်လမ်းလုံး
ဟိုကြည့်ဒီကြည့်နဲ့ တစ်လမ်းလုံး မတ်တတ်လေးရပ်ပြီး လိုင်းကားလေး တွယ်စီးလို့ ပေါ့။။။
“မရောက်သေးဘူးလားကွာ” ကျွန်တော်မေးတိုင်း“ရောက်တော့မှာပါကွ”ဆိုပြီး သူငယ်ချင်း
ပြန်ဖြေတာလည်း အခွန်းပေါင်းမနည်းတော့ဘူး။။။ အဲဒီလိုနဲ့ ကျွန်တော်မေးတဲ့ အခွန်းတစ်
ထောင်ပြည့်ခါနီးမှာ လှည်းကူးဂိတ်ဆုံးကို ရောက်ပါတော့တယ်။ ကားလေးရပ်တာနဲ့  လူ
အုပ်ကြားတိုးပြီး ဆင်းတော့ ဖိနပ်လေးတစ်ဖက် ဘယ်သူနင်းလိုက်သလဲ မသိဘူး တိကနဲ
ပြတ်သွားပါ လေရောပဲဗျာ။။။။ အဲဒီမှာ စပြီး ကံဆိုးတာပဲ အဟင့်း) သူငယ်ချင်းက ဖိနပ်အ
သစ်ဝယ်ဖို့  အနီးအနားမှာ ဖိနပ်ဆိုင် ရှာကြည့်တော့ မတွေ့ တာ နဲ့  “မိုးချုပ်နေပြီးကွာ
မနက်ဖြန်ကျမှပဲ ရှာဝယ်ကြတာပေါ့။” “အိုကေပေါ့ ကိုယ့်ကို ဘယ်သူမှ သိတာလည်း
မဟုတ် ရှက်စရာမရှိ” ဆိုပြီး ဖိနပ်မပါဘဲနဲ့  လှည်းကူးထဲကရပ်ကွက်တစ်ခုထဲကို ခြေဖလာ
နှင့် ဒိုးခဲ့တာပေါ့။ လမ်းမှာ သတိထားမိတဲ့သူက ပြုံးသွားကြတယ် တစ်ချို့ ကြတော့ ဟဲဟဲ
ဆိုပြီး လုပ်သွားတယ်။ ကိုယ်က တော့ ခပ်တည်တည်ပါပဲ နဂိုကတည်းက ရှက်ကြောဖြတ်
ထားပြီးသား(အဟွတ်)
ဒီလိုနဲ သူငယ်ချင်းအမျိုးအိမ်ရောက်တော့ ဖိနပ်မပါနဲ့ ရောက်လာတဲ့ ကျွန်တော့်ကို အထူး
အဆန်း သတ္တဝါအလား ဝိုင်းကြည့်ကြတော့မှ ရှက်ကြောပြန်ဆက်သွားတယ် ထင်ပါရဲ့ ။
“အဟဲ ဒါက ဒီလိုရှိပါတယ်။ ကားပေါ်က အဆင်း မှာ သူများတက်နင်းသွားလို့ ပါဗျာ”
ဆိုပြီး ပြုံးဖြီးဖြီးခဲ့တာပေါ့။ စိတ်ကောင်းပုံရတဲ့ အမေကြီး(အဖွားကို အမေကြီး လို့  သူငယ်
ချင်းကခေါ်လို့ )က တစ်လောက အဖေကြီးအတွက် ဝယ်ထားတဲ့ ဆင်ကြယ်တံဆိပ်ရာ
ဘာဖိနပ်တစ်ရံရှိတယ်။။။ အဲဒါ လေး လောလောဆယ်စီးထားလိုက်ပါဆိုတော့ ငြင်းလို
့လည်းမကောင်း ငြင်းပြန်ရင်လည်း စီးစရာမရှိဆိုတော့ လက်ခံလိုက်တာပေါ့။။။
(သူများအိမ်သွားလည်တာ အဲဒီလို ပြသနာပေးတာ……)
ဖိနပ်ပြသနာအေးသွားတော့ ရေမိုးချိုးပြီး ထမင်းစားကြတယ်။အဝေးကြီး ကားတွယ်စီးလာ
တာလေး ခရီးပန်းတာလေးကို အကြောင်းပြပြီး ထမင်းတီးလိုက်တာ နှစ်ပန်းကန်မောက်
မောက် က ခဏလေးပဲ။။။ (အဲဒီလို ဧည့်သည်မျိုး )
ခဏနေကျတော့ အမေကြီးက “ဒီညလှည်းကူးလမ်းမကြီးမှာ စတိတ်ရှိုးရှိတယ် သွားကြည့်
ကြအုံး” …..သူငယ်ချင်းက “ဘယ်လိုလဲ” ဆိုပြီး ကျွန်တော့်ကို မေးတော့ နဂိုကတည်းက
ငြိမ်ငြိမ်မနေတတ်တဲ့ကောင်မဟုတ်လား “အိုကေ ဂိုးတာပေါ့” ဆင်ကြယ်ဖိနပ်လေးစီးပြီး
နှစ်ယောက်သား လမ်းထိပ်ထွက်လာခဲ့တယ်။ လမ်းမပေါ်ထွက်တော့မှပဲ စတိတ်ရှိုးကို သွား
နေကြတဲ့ စက်ဘီးတွေ ဆိုင်ကယ်တွေ ထော်လဂျီတွေ အပြည့်။ ထော်လဂျီ လာရင် ဟွန်းတီး
စရာမလိုပဲ အဝေးကတည်းက “ထွတ် ထွတ်…ထွတ်” အသံကြားကတည်းက လူကဘေးယာ
ရှဲနေပြီးသား။ ဆိုင်ကယ် စက်ဘီးတွေကလည်း လမ်းသေးသေးထဲမှာပဲ ထောလာဂျီကို မရမ
က ကျော်ခွနေကြသေးတယ် (စူပါမင်းကွ)
ဒီလိုနဲ့ နှစ်ယောက်သား ဟိုကြည့် ဒီကြည့်နှင့် စတိတ်ရှိုးရောက်သွားပါရောလား။ ရောက်တော့
့ စတိတ်ရှိုးက စနေပြီး။ စတိတ်ရှိုးစင်နှစ်ဖက်မှာ ခုန်ဆွ ခုန်ဆွ နဲ့ ဆိုတော့ အခုမှ ရောက်တဲ့
ကျွန်တော်တို့  ဘယ်မြင်ပါ့မလဲ။ အဲဒီတော့ လွတ်တဲ့ နေရာလေး ဝင်တိုးအုံးမလေ ဆိုပြီးတော့
“ဟိုဖက် တိုးလိုက် ဒီဖက် တိုးလိုက် တိုးရင်းနဲ့ ကလိုက်” လုပ်ရင်းနဲ့  သူငယ်ချင်းနှင့် ကျွန်တော
လူကွဲသွားပါလေရာ။။။ကျွန်တော့်ခဗျာ ရွာပတ်ပြီး ။ ပြန်ရမဲ့ လမ်းလည်း မှုန်ဝါးဝါး သိပ်မမှတ်မိ။
သူငယ်ချင်းကို ရှာမှ ဖြစ်မယ်လေ ဆိုတော့ လူအုပ်ကိုကြည့်လိုက်တော့ များလိုက်တဲ့ ပွဲဈေး
လှည့်တဲ့လူတွေရယ် ခုန်ဆွခုန်ဆွကနေကြသူတွေရယ် ကို ကြည့်ပြီး မျက်ရည်တောင် ကတောက်
ကတောက် ကျချင်တယ်။ နာရီကြည့်လိုက်တော့ တစ်ချက် ထိုးနေပြီး။ အိမ်ကို မှန်းပြီး ပြန်တာပဲ
ကောင်းပါတယ်လေ။ လပြည့်ညမို့ လို့ တော်သေးတယ်။ လမ်းမှာ တစ်ယောက်စ နှစ်ယောက်စ
တွေ့ တော့လည်း မူးပြီး လဲနေသူတွေချည်းပဲ။ တဖြည်းဖြည်း စတိတ်ရှိုးနဲ့ ဝေးလာတာနဲ့  တဖြည်း
ဖြည်းတိတ်ဆိတ်လာတယ်။ လရောင်အောက်မှာ အိမ်မည်းမည်းကြီးတွေက ချောက်ချောက်ခြားခြား။
ဒီအချိန်မှ အိမ်မှားပြီး အော်ခေါ်မိရင်လည်း ဝိုင်းဆဲကြမှာအမှန်ပဲ။ ပြန်စဉ်းစားစမ်းဆိုတော့ ထွက်လာ
တုန်းက ခြံဝမှာ သရက်ပင်ကို မှတ်မိသွားတယ်။ ဒီလိုနဲ့ အိမ်တွေ တစ်အိမ်ပြီး တစ်အိမ် ကြည့်ရင်း
ခြံဝမှာ သရက်ပင်နဲ့ အိမ်ကို တွေ့ တော့ ဝမ်းသာ(နည်း)ပက်လက်နှင့် လူက နုံးနေပြီး(အဟူး)
“ဒေါက် ဒေါက်”
“ဒေါက် ဒေါက်”
“ဘယ်သူလဲ”
“ကျွန်တော် ညီဇော်နဲ့  ပါလာတဲ့ သူငယ်ချင်းပါ”
“ညီဇော်ရော”
“ညီဇော် နဲ့  လူစုကွဲသွားတာ”
“ဟုတ်ပါ့မလား ညီဇော် နှင့် သူ့ သူငယ်ချင်း အတူတူသွားတာလေ”ဆိုပြီး တိတ်ဆိတ်သွားသည်။
အချိန်မတော်ဆိုတော့ အမေကြီးလည်း တံခါးဖွင့်ဖို့ ချီတုန်ချတုန်ဖြစ်နေပုံပင်။
“ဟုတ်ပါတယ် အမေကြီးရာ”(သနားစဖွယ်သော အသံနှင့်)
စဉ်းစားစမ်း စဉ်းစားစမ်း ဘယ်လိုလုပ်ယုံအောင် လုပ်ရမှာပါလိမ့်
“သြော် အမေကြီး ကန်တော့နော် တကယ်ကန်တော့နော်
အမေကြီး ယုံအောင် “ဒီမှာ ဆင်ကြယ်ဖိနပ်” ဆိုပြီး တံခါးအောက်မှာ ထိုးထဲ့လိုက်တယ်”
အဲဒါမှပဲ တံခါးဖွင့်ပေးတော့တယ်။(ဟူးးးးးးးးအခုမှပဲ သက်ပြင်းလေးချလိုက် တော့တယ်)
အမေကြီးငယ်ငယ်တုန်းက ညအချိန်မတော် သူတို့ အိမ် ဓါးပြတိုက်ခံရဖူးတော့ စိတ်စွဲနေကြောင်းကို
နောက်မှ သူငယ်ချင်းကနေတဆင့်သိခဲ့ရတယ်။ သြော် ဆင်ကြယ်ဖိနပ် သက်သေရှိလို့ ပဲ အပြင်မှာ မိုး
မလင်းခဲ့ရတာ။။။။

12 comments:
တော်သေးတယ်နော့။ မဟုတ်ရင် တလနွန်တို့ သူငယ်ချင်းမပြန်မလာချင်း အိမ်ပေါက်ဝမှာ နေရမှာ ဖြစ်သလို..အမေကြီးကြောက်ပြီး အော်တာနဲ့ :) ရပ်ကွက်လူကြီးအိမ်လောက်တော့ အနည်းဆုံးလေးပဲ။။
ဆင်ကြယ်ကယ်ပေလို့ပေါ့
တူရီးတော် ကတော့ဖြစ်ရမယ်
ဦးရီးတော် ကိုဖုန်းဆက်လိုက်ရင်ပြီးရော
အဲဒီအချိန်တုန်းက ဦးရီးတော်က မြစ်ကြီးနားလောက်မှာပဲရှိမှာ
ချက်ချင်းရောက်လာမှာတော့ တူရီးတော်ဆီကို
ကျနော်လဲ ယူအက်အယ်တက်တုန်းက လှည်းတန်းနဲ့ကျောင်းနဲ့ဖိနပ်မပါပဲလမ်းလျှောက်ဖူးတယ် ဖိနပ်တော့ပါပါတယ်
ဒါပေမယ့်ချစ်သူလေးဖိနပ်ပေါက်လို့ပေးစီးတာ
အဟီ
ကပ်ကြွားသွားတယ်
ပြောရအုံးမယ် ဆင်ကြယ်တော့မဟုတ်ဘူးသိလား
အောကတီပါ
မန္တာလေးကနေ အချိန်ယူ ပုံစံပေးပြီး သေချာမှာထားတာ
အဟီးးး
အမြင်ကတ်လောက်ရောပေါ့လေ
ဒီလောက်ပဲကြွားတော့မယ်နော့်
ကို့ တူတော်မို့ လို့ ကြွားသွားပါတယ်
အဟီးး
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
ခ
ဘကြီးတော်
ခ
ှုဦးရီးတော်
တော်သေးတာပေါ. ဆင်ကြယ်ကယ်လို. ဘဲ ...နို.မိုဆို
ကိုနွန်တို.တော. ဒီတညတော. အပြင်မှာအိပ်ဖို.ဖြစ်လာပြီ
သီချင်းဆိုနေရအုံးမယ် အဟတ် ...
ရာမညတိုင်းကမို့ ကိုည လို့ခေါ်ပလိုက်ပြီ။ တတ်နိုင်ဝူး။ မကျေနပ်ရင် ညီ့ အိမ်ကို ပြန်လိုက်လာချေ။ ဒါပဲ။ ငှဲငှဲ။ ကြိုက်သွားပြီ။ တစ်ခါထဲနဲ့ လင့်တယ်။ ဟွင်းဟွင်း။
ပေါ့ပေါ့ပါးပါးလေးနဲ့ရေးထားတာဖတ်ပျော်တယ်
ဆင်ကြယ်ကြောင့်ပေါ့နာ်.. အဟတ် :)
ဆင်ကြယ်သက်သေတည်မည်ပေါ့လေ ဟုတ်လား...အဟား... အင်း..ဖိနပ်လေးကျေးဇူးနော်
အကို ပုံထဲက ဖိနပ်က ဆင်ကြယ်ဟုတ်လို့လား။
တကယ်ဆင်ကြယ်ပုံပြပါဗျို့းP
:)
ဆင်ကြယ်ဖိနပ်လေး ကယ်ပေလို့ပေါ့ .. :D
ဒီလိုဧည့်သည်မျိုးတော့ အိမ်လည်ခေါ်တော့ပါဘူး .. :P
တော်သေးတာပေါ့...စခန်းမရောက်သွားလို့...
အခင်းဖြစ်ပွားစဉ်က သက်သေခံ ဆင်ကြယ် ဖိနပ် အခုရှိသေးလား..။
လိုင်းကောင်းတုန်းလေးလာဖတ်တာ
ဆင်ကြယ်ဖိနပ်ဆိုလို့  ဘဝကို ကြိုးစားပြီးရုန်းနေတဲ့စာထင်နေတာ
ဖတ်လိုက်မှပဲ သက်သေလုပ်ပြီးအိပ်လို့ ရအောင်ေ၇းထားတာကို
ဖတ်ပြီးတော်တော်ရီလိုက်ရသေးတယ်
ကိုနွန်ရေ..
တော်သေးတာပေါ့ အိမ်မှားမ၀င်လို့..
ဆင်ကြယ်ဖိနပ်လေးသက်သေကတော့ စိတ်ကူးကောင်းလို့ အိမ်ထဲ ၀င်လို့ ရတာနော်..
ခင်မင်စွာဖြင့်
သီဟသစ်
သနားဖို့ လည်းကောင်းတယ်....ရီဖို့ လည်းကောင်းတယ်....မရောက်ဖူးတဲ့ နေရာကို လူကွဲပြီး ညနက်သန်းခေါင် ပြန်ရတာက မလွယ်ဘူးပဲ.... စင်ကြယ်ဖိနပ်ပြောဖို့ တော့ သတိရတယ်ဆိုတော့ တော်တော်လေးကို ဖြတ်ထိုးဥာဏ်ကောင်းပါတယ်.... ဒီပုံကို ကြည့်ခြင်းဖြင့် လူတော်တစ်ယောက် ဖြစ်နိုင်မှန်း မှန်းဆလို့ ရပါတယ်..... အောင်မြင်မှုပန်းတိုင်ကို ဆွတ်ခွတ်နိုင်ပါစေ.....
Post a Comment