မငုံ တဂ်ထားတာလည်း ကြာပြီး။ အားနာ လှပါပြီး။ ရေးမယ် ရေးမယ် လုပ်တိုင်း ပေါ်ပေါ်လာတတ်တဲ့
အကြောင်းတစ်ခုရယ် ပျင်းတာရယ်ကြောင့် “ဒါက ဒီလိုရှိတယ်” ဆင်ခြေနဲ့ တင် ကျွန်တော့်ရဲ့ မကောင်း
တဲ့ အကျင့်ဆိုးတွေ “ကိုယ့်ပေါင် ကိုယ်လှန်ထောင်း”လိုက်ပါတရ်။။ပြောရင်တော့ အကျင့်ဆိုးတွေ အများ
သား။ အဲဒီအထဲမှာမှ ပါရဂူဘွဲ့ ရလောက်တာတွေကို ရွေးထုတ်လိုက်ပါတရ်။ နံပါတ်စဉ်တပ်ပြီး ကျွန်တော့်
ရဲ့ အကျင့်ဆိုးတွေ ချရေးရရင်တော့
(၁)ပျင်းတယ်
“မနက်စောစောထရမှာလည်း ပျင်းတရ်” “အလုပ်သွားရမှာလည်း ပျင်းတရ်” “မိုးရွာရင်လည်း ပျင်းတရ်”
“နေပူရင်လည်း ပျင်းတရ်” “တစ်ယောက်ထဲလည်း ပျင်းတရ်” ………...........................................
……………………………………………………………………………………………………........................
တစ်နေ့ တစ်နေ့ “ပျင်းတရ်” ဆိုတဲ့ စကားလုံး ကျွန်တော့်ရဲ့ Daily Report ထဲမှာ မပါရင်မဖြစ်..အဲဒီလောက်
်ပျင်းတဲ့ ကျွန်တော် စင်ကာပူကို ရောက်တော့ 50% လျှော့ကျသွားအောင် လုပ်ပေးနိုင်တာ အံ့သြမိတရ်။
ဘာကြောင့်လည်း ဆိုတာ သူငယ်ချင်းတို့ လည်း အသိပါပဲလေ။။။ ကျန်တဲ့ 50% ကို လျော့အောင်
ကြိုးစားဆဲပါ။
(၂) လွတ်တယ်
တစ်မျိုးတော့ မထင်ပါနဲ့ ။ ကျွန်တော်က တစ်ခုခုကို အာရုံရောက်သွားရင် စိတ်နဲ့ ကိုယ်နဲ့ လွတ်သွား
တတ်တရ်။ တစ်ခါတုန်းက တစ်လမ်းလုံးတွေးလာတော့ ရှေ့ က မီးပိုင့်နီတာ မမြင်ပဲ လမ်းဖြတ်ကူးတာ
ကံကောင်းလို့  ကားဘရိတ်မှီသွားတရ်။ နို့ မဟုတ်ရင် အသက်အာမခံကြေးမလုပ်ထားတော့ နှမြောစရာ။
နောက်ပြီး မော်လမြိုင်မှာကျောင်းတက်တုန်းက အတန်းထဲမှာပေါ့။ ဆရာမ စာသင်တာ စိတ်မပါတော့
အပြင်ဘက်ကိုငေးကြည့်ရင်း သစ်ပင်ပေါ်က ငှက်တွေ ဘာလုပ်နေလဲ ဆိုတာ သုတေသနလုပ်နေမိတရ်။
ကျွန်တော်ကြည့်တဲ့ဘက်မှာ ကောင်မလေးတစ်ယောက် ထိုင်နေတာ လုံးဝသတိမထားမိတာ အမှန်။
အဲဒီမှာ ဆရာမ ကျွန်တော် ငေးတာတွေ့ သွားတော့ “ဟဲ့ ### နင် ဘယ့်သူကို ကြည့်တာလဲ ငါသိတရ်နော်”
လို့ ပြောလိုက်တာ တစ်တန်းလုံး ကျွန်တော့်ကို ဝိုင်းကြည့်ပြီး ပြုံးစိစိနဲ့ ။ ကျွန်တော်ခဗျာ ဗလိုင်းကြီး အထင်
ခံရတာပဲကြည့်..“ကျွန်တော် ဟာ ကျွန်တော် ငှက်ပဲကြည့်တာကိုးနော်” အဲဒီအကျင့်ကို ဖြောင့်အုံးမှ..
မဟုတ်ရင် မလွယ်….
(၃)အစအနောက်သန်တယ်
သူငယ်ချင်းတွေကို ခပ်တည်တည်နဲ့  နောက်တတ်တရ်။ ခွက်ထိုးခွက်လှန် ရယ်အောင် စနောက်တတ်သလို
ဝမ်းနည်းပက်လက် မျက်ရည်စက်စက်ယိုအောင်လည်း စနောက် ဖူးတရ် ...လန့် သွားပြီးလား ဟဲဟဲ
ကျွန်တော် စလို့  ငိုသွားတာ ကလေးတွေပါဗျ။။။။ တစ်ခါတစ်လေတော့လည်း စနောက်တာ များသွား တဲ့အခါ
ကျရင် သူငယ်ချင်းတွေ တစ်ကယ် စိတ်ဆိုးသွားတတ်တယ်။ ပြန်ချော့ရတာလည်း ဖတ်ဖတ်မောဗျ။ အဲဒါ
ကြောင့် အခုတစ်ဝက်လျော့ပြီးပဲ စတော့တရ်။။။။
(၄)စိတ်လည်းတိုတတ်တယ်
တစ်ခါတစ်လေ စိတ်ထဲ ရှုပ်နေရင် သူများမေးတာကို ပြန်ဖြေချင်မှ ဖြေတတ်တယ်။ ဘယ်အချိန်အဖြစ်များလဲ
ဆိုရင် ရုံးကနေ ပြန်လာတဲ့အချိန် အရမ်းပင်ပန်းတဲ့အခါကျရင် စကားပြောချင်စိတ်မရှိပဲ လူကစိတ်တိုနေတတ်
တရ်။ ကိုယ့်အကြောင်း ကိုယ်သိတော့ ရောက်တာနဲ့ အိပ်ရာထဲတန်းဝင်ပြီး အိပ်ပြစ်လိုက်တရ်။ ပြန်နိုးလာတဲ့
အခါကျရင်တော့ တစ်အိမ်လုံး ကိုယ့်အသံကြီးပဲဗျ။။။။ ဟဲဟဲ
(၅)မရင့်ကျက်သေးဘူး
ကျောင်းလည်း ပြီးပြီး။ အလုပ်လည်းလုပ်နေပြီး။ ကျွန်တော် အခုထိ မရင့်ကျက်သေးတာအမှန်ပဲဗျ။ တစ်ခုခု
ဆိုရင် ကျွန်တော်မျက်နှာပေါ်မှာ ဖတ်လို့ ရတယ်။ အဲဒါ ကျွန်တော့်ရဲ့အားနည်းချက်ပဲ။ စိတ်ခံစားမှုကို ဦးစား
ပေးလို့ လားပဲ။ ဒီစိတ်ကိုတော့ ပြင်ရမှာပါ။
(၆)တဇွတ်ထိုး
လုပ်ချင်တာ လုပ်လိုက်ရမှ ကျေနပ်တတ်တာဆိုရင် ကျွန်တော် တဇွတ်ထိုးသမားပဲ။ ကျောင်းတက်တုန်းက
ခရီးတစ်ခုသွားမယ်လို့ သူငယ်ချင်းတွေနဲ့ ချိန်းထားတာ ဖျက်ရတော့မယ်တဲ့။ ဘာဖြစ်လဲဆိုတာ မရေရာဘူး။
အိုကေ ငါတစ်ယောက်ထဲ သွားမယ်ဆိုပြီး မော်လမြိုင် ကျိုက်ခမီ ခရီးကို တစ်ယောက်ထဲ လစ်ချသွားတာ။။။
တစ်ယောက်ထဲဆိုတော့ ပျင်းပေမဲ့ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်လိုက်ရတဲ့အတွက် ကျေနပ်သွားတယ်။ အဲဒီ
စိတ်က တွေးလိုက်ရင် မိုက်ရူးရဲဆန်နေသလားလို့ ။။။
(၇)အရွှဲ့ လည်းတိုက်သေးတရ်
ရှစ်တန်းနှစ်တုန်းက ပေါ့။ ကျောင်းထဲမှာ စံပြအတန်းဆု ပေးဖို့ ဆရာကြီးက လတိုင်းရွေးတယ်။ ကျွန်တော်တို့ 
့အတန်းက ကောင်မလေးတွေ ဒီဆုလိုချင်နေတာ တကဲကဲဗျ။ ကျွန်တော်က အီးစီ ဆိုတော့ ဘာလုပ်ရင် ကောင်း
မလဲလာမေးကြတယ်။။ကျွန်တော်လည်း ရွှဲ့ ချင်တာနဲ့ နင်တို့ တွေ ချဉ်ပေါင်စိုက်မလား။ ချဉ်ပေါင်ရှင်တဲ့အခါကျရင်
ဆရာကြီးကိုသွားပေးလို့ ပြောလိုက်မိတရ်။ နောက်နေ့ ကျတော့ ကောင်မလေးတွေ တစ်ကယ်ပဲ ချဉ်ပေါင်စိုက်ကျ
တယ်ဗျို့ ။ မှတ်မှတ်ရရ အဲဒီနှစ်လအတွင်းမှာတိုက်တိုက်ဆိုင်ဆိုင် စံပြအတန်းဆုကို ရတယ်။ ဟိဟိ ချဉ်ပေါင်
ကြောင့်လားမသိ။ အခုထိလည်း ရွှဲ့ တတ်တဲ့ စိတ်ကလေးက မပျောက်သေးဘူး။။။
ကိုယ်မကောင်းကြောင်းဆိုတော့ နည်းနည်းပဲဖွတော့မယ်နော်။ အကြောင်းသိဖြစ်သွားရင် မခင်ကြတော့ပဲ
နေအုံးမယ်။ မပြင်နိုင်သေးတဲ့ ဒီစိတ်ကလေးကို အချိန်တစ်ခုအတွင်းမှာတော့ပြင်နိုင်အောင် ကြိုးစားသွား
မှာပါ။ အမှတ်တမဲ့ ထားခဲ့တဲ့ ကိုယ့်ရဲ့ အကျင့်တွေကို ကြေးမုံပြင်ထက်မှာကြည့်ဖို့ တဂ်ပေးတဲ့ မငုံကိုကျေးဇူး
တင်ရင်း ပိုစ့်ကို အဆုံးသတ်လိုက်ပါတရ်….
ရေကိုမဖြုန်းချွေတာသုံးအကျိုးရှိလှဆုံး
3 days ago
8 comments:
အင်းးးး
ပြင်သင့်တယ်..
ပြင်သင့်တယ်..
အခုသိနေပြီးဆိုတော့ကာ
ပြင်ဖို့လွယ်ပါတယ် ကောင်လေးရယ်
ဒါကြောင့် ပြင်ပါ ဘကြီးဖိုးစိန်ကိုအတုယူပါလို့
ပြောခဲ့ချင်ပါတယ်
ဘကြီးဖိုးစိန်လို ရေးခဲ့တဲ့ ဒါကဒီလိုရှိတယ်ကို
အတုလိုက်ယူသင့်ပါတယ်
အဟီးးးး
ဘကြီးလေသံနှင့်ပြောသွားသည်
တူလေးရဲ့ 
ဘကြီး
ဦးဖိုးစိန်
(စကြာဝဋာကျော် မိုးထက်ပျံတက် ရုပ်ရှင်ဗွီဒီယိုပြဇာတ်အဆိုတော်မင်းသားမော်ဒယ် လူချော လူခန့် ဖိုးစိန်)
ဟီးးးဟီးးး
ကိုနွန် ပျော်ရွှင်ပါစေဗျာ
ခင်တဲ့
ဖိုးစိန်
သိပ်မဆိုးဘူးလို့ ပြောလို့ ရပါတယ်:P
တလနွန်ရေ..
ငါ့များကြည့်ရေးထားသလိုပဲဟ..
:D
ပထမဆုံး ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်နော့။ သိပ်မဆိုးပါဘူးဟ။ အငေးလေးနည်းနည်းလျော့သင့်တယ်:)))
မကြီးရောင်ပြန်၊မကြီးကီနဲ့ ငါတို့တော့ အရေးကောင်းလိုက်တာ
ရှောင်လေဝေးဝေးတဲ့။ :P တို့ညီအမသုံးယောက်ပဲ တူတူနေတော့မယ်လေ။ဟဟ
ဟားဟား... ဦးဦးကလည်း ရယ်ရတယ်...
လမ်းဖြတ်ကူးရင် သိပ်မငေးနဲ့နော်.... အခုလို ငေးပုံမျိုးဆို နိုင်ငံခြားမှာ ကိစ္စမရှိပေမယ့်
မြန်မာပြည်မှာဆို ကိစ္စချောသွားနိုင်တယ်... ဟတ်ဟတ် :P
နောက်ပြီး သစ်ပင်တွေ မှာသစ်ရွက်လှုပ်တိုင်းလည်း ငေးပြီး မရယ်ရဘူးနော်...ဟတ်ဟတ်.. :P
ကောင်းပါတယ် ကောင်းပါတယ်... အဟား...
နောက်ဆို ပြင်သင့်ရင်ပြင်လိုက်ပါ.. အခုလို ပြင်မယ်လို့ အသိတရားလေး
တစ်ခု ရတာကိုက လူလိမ္မာဖြစ်နေပြီ...ဟိဟိ.. ဟုတ်မဟုတ်တော့မသိ...လူကြီးလိုပြောသွားတာနော်... :P
အူးအူးအလယ်လွန် ရေးဒါဂ ရီရဒယ်... ဟတ်ဟတ်...
အင်း ပြင်သင့်တာတွေ ကို လာလေ့လာတာ
အဟိ သိပ်မထူးပါဘူး ဖြစ်တယ် ပေါင်းလို့ အကြောင်းသိတွေဖြစ်သွားပြီ
မပြင်နိုင်တဲ့စိတ်တွေ တူနေသလိုဘဲ။ တစ်ဇွတ်ထိုး လုပ်ချင်တာလုပ်တာက ပိုတောင်တူနေသေးတယ်။
တော်သေးတယ်။ ခုနစ်ချက်နဲ့ပြီးသွားလို့။
ပျော်ရွှင်ပါစေဗျာ။
ဟို ၅၀ နဲ့ ဒီ ၅၀ ပေါင်းတော့ ၁၀၀ ပြန်ဖြစ်သွားတာပေါ့ .. :P
Post a Comment