နေရောင်မဖြာခင်

Thursday, July 23, 2009

မနက်ရောင်ခြည်ဦးမှာ လေညှင်းတစိမ့်စိမ့်ခတ်လို့ 

ပန်းဝတ်ရုံထက်မှာ ရေမှုန်လေးတွေ ခိုဆင်းခဲ့တယ်

လတ်ဆတ်တဲ့ရနံ့ နုနုကြားမှာ တွဲရရီမှေးစက်ရချင်ရဲ

ကြွေလွင့်ပျောက်ကွယ်ရမဲ့ နေရောင်မဖြာခင်အထိပေါ့

18 comments:

ခြေလှမ်းသစ် said...

နေရောင်ကြောင့် ... မှေးစက်ရမယ့် အချိန်တွေ ပျောက်ကွယ်တော့မယ်..... သိပ်လှတဲ့ ကဗျာလေးပါ..

စည်သူ said...

ပန်းပွင့်လေးကိုကြည့်ပြီး

ထွက်ပေါ်လာတဲ့ခံစားချက်

ရေးဖွဲ့ခဲ့တဲ့ကဗျာစာသား

နောက်ဆုံးတော့......

နေရောင်ခြည်ကြောင့် မှေးစက်ရမယ့် အချိန်တွေ
ပျောက်ကွယ်တော့မယ် သိလိုက်ရတော့
ရေစက်လေးအပေါ် ဂရုနာသက်မိသွားတယ်..။

ကျွန်တော်တို့ ဘဝတွေရော
လောကပန်းပွင့် နဲ့ ရေစက်ပမာ ပျောက်ကွယ်သွားခဲ့ရင်
ဘယ်သူ ဂရုနာသက်မိလေမလဲ...?

နှစ်မျိုးခံစားသွားတယ်..။
ခင်မင်စွာဖြင့်
စည်သူ။

နွေးနေခြည် said...

တိုတိုလေးနဲ့ ခံစားရတယ်။ ကောင်းတယ် သူငယ်ချင်းရေ

သားကြီး said...

ရေမှုန်လေးအတွက်ဆုတောင်းပေးခဲ့မယ်
နေရောင်ရယ် မဖြာပါနဲ့ဦးလို့
စကားလုံးတွေတော်တော်နုသစ်တာပဲ

မငုံ said...

စာသားလေးတွေ ကောင်းတယ်။

Sein Lyan Tun said...

တူရီးတော်ကလဲ နု ရွ တဲ့စကားလုံးတွေနဲ့ ဖွဲ့နွဲ့ထားတာ

ကောင်းလိုက်တာ

တူရီးတော် တော်တယ်ဗျာ


ကြိုက်တယ်...


လှတဲ့စကားလုံးတွေ


ချစ်တဲ့
ဘကြီးတော်

Angel Shaper said...

လိုတိုရှင်းကဗျာလေး ကောင်းတယ်။ ရေမှုန်လေးတွေအတွက် တောင်းဆုပြုခဲ့မယ်။
ဒီကနေ့ နေရောင်မဖြာပါနဲ့လို့ ။
ပျော်ရွှင်ပါစေနော်။

ရေတမာ said...

နုလှချေလားကိုယ့်လူရယ်........နှင်းကျတယ် ဆိုပြီးရောပေါ့ကွာ........းP
စာဖတ်ရင်း ကိုယ့်ကိုယ်တောင်သနားလာတယ် မနက်စာမစားရသေးဘူးလို့....း)


ပျော်ရွင်ပါစေ

Mogok Thar said...

နေခြည်ဆိုတာ ဖြာရတာ
သဘာဝပါကွယ်။
ရေစက်လေးတွေ ကွယ်ပျောက်စေဖို့
သူတို့လည်း ရည်ရွယ်ဟတ် မရှိပါဘူး။
ပန်းလေးလဲ မွှေးမြစေ။
ရေစက်တွေလဲ အေးမြစေ။
နေခြည်တွေလဲ နွေးထွေးစေ။

ချစ်ခင်စွာဖြင့်

မြစ်ကျိုးအင်း said...

ဒါသဘာဝပဲလေ နာကျင်နေလို့မရဘူး အချိန်ရောက် လာရင် ရင်ဆိုင်ရမှာပဲ...။လူဆိုတာလည်း ဒီလိုပါပဲ
နေခွင့်ရသေးတဲ့ အခိုက်တန့်လေးမှာ သံယောဇဉ် တွေနဲ့ မှီတွယ်နေချင်သေးတယ်

ခွဲခွါချိန်ရောက်လာတော့လည်း............။

Ree Noe Mann said...

ကဗျာလေး ကို လာခံစားသွားပါတယ်ဗျာ
( မအားတဲ့ ကြားကပေါ့)
ခင်တဲ့

ရီနို

ရွှေပြည်သူ (ShwePyiThu) said...

ရေမှုန်လေးတွေကိုတောင် ဖွဲ့သွားတာ... ဖတ်ရင်း အေးစိမ့်စိမ့်လေးတောင် ခံစားရပါတယ်...

ကြယ်ပြာ said...

စာသားရယ် ... တင်ထားတဲ့ပုံလေးရယ် .. ဘလော့ တန်းပလိန်ရဲ့ နောက်ခံရောင်လေးရယ် .. အားလုံးစပ်ဟပ်မိနေတော့ ခံစားလို့ ကောင်းမှကောင်း ...း)

ဇော် said...

ကဗျာလေးက တိုပေမယ့်
ထိတယ်ဗျာ။ =)

Dream said...

အယ်...ဦးဦးအလယ်လွန်ကလဲ ဒါလဲ ရတာပဲလား...

လန်ထွက်နေတယ်... အဟတ်...:P


ခင်တဲ့
မက်မက်သီး

မိုးစက်အိမ် said...

ကဗျာက တိုတိုနုနုနဲ. လှလှ
လေးဘဲဗျာ ... ပုံလေးနဲ.လည်း
လိုက်ဖက်ညီတယ်ဗျာ...

ပုလုကွေး said...

ကဗျာလေးကို ခံစားရွတ်ဆိုသွားပါတယ်ဗျာာာာ

သီဟသစ် said...

နွန်နွန်ရေ

ရေစက်လေးနေရာကနေ ခံစားမိတာ ရင်နင့်စရာ

ခင်မင်စွာဖြင့်
သီဟသစ်

 

Posts Comments

©2006-2010 ·TNB