ရင်နှင့်ရင်း၍ (ခ) ကဆုန်ပေါက်နေသော ကောမန့် များ (တဂ်ပိုစ့်)

Saturday, July 18, 2009

“အဆုံးစွန်သော ပျော်ရွင်မှုဆိုတာ လူတွေ ကိုယ့်အပေါ်မေတ္တာထားတယ် ဆိုတာ သိရခြင်းပဲတဲ့”

အပေါ်က ဒသန စကားစုလေးကို မဂ္ဂဇင်းတစ်အုပ်မှာ ကြိုက်လို့  ကူးထားမှတ်ထားခဲ့တာပါ။ ဟိုတုန်းက ရေးရေးလေး သာမြင်ခဲ့တဲ့ ဒီစကားစုဟာ ဘလော့ရွာထဲမှာ ကဗျာမပီ စာမပီ တွေရေးနေတဲ့ အခုအချိန်မှာ ပိုနားလည်ခဲ့မိတယ်။ ခင်မင်မှုအနေနှင့် အော်သွားတဲ့ စကားလုံးပဲဖြစ်ဖြစ်၊ တဂ်ပိုစ့်ခေါင်းစဉ်ပြောသလို ရင်နှင့်ရင်းပြီး မွေးဖွားလိုက်တဲ့ စကားလုံးပဲဖြစ်ဖြစ် အားလုံးသော စကားလုံးကောမန့် တွေဟာ စာရေးသူ တစ်ယောက်အတွက် ပျော်ရွင်မှုအဟာရ ပေးဆောင် စားသုံးစေသလိုပါပဲ။

ကျွန်တော် ဘလော့ဆိုတာကို မရင်းနှီးခင်တုန်းက “တစ်ခါတုန်းက တစ်နေရာ” ဆိုတဲ့ ကျောင်းအမှတ်တရ အနေနှင့် ကဗျာတစ်ပုဒ်ကို မော်လမြိုင် နည်းပညာတက္ကသိုလ် ဝဘ်ဆိုဒ်မှာ ပထမဦးဆုံး တင်ဖြစ်ခဲ့ပါတယ်။ နောက်နေ့ ကျတော့ ကဗျာ့အောက်မှာ စီနီယာတစ်ယောက်ဖြစ်တဲ့ ကိုမင်းသူ ဆီကနေ ပထမဆုံးသောကောမန့်  ကို ရရှိခဲ့ပါတယ်။ အဲဒီနေ့ ကစပြီး ကျွန်တော် စာရေးချင်တဲ့ ပိုးတွေ ထိုးရွလာပါတော့တယ်။ စည်းဝိုင်း အပြင်မှာပဲ လက်ခုပ်တီးတတ်တဲ့ ကျွန်တော် စည်းဝိုင်းအတွင်းကို ပို့ ဆောင်ပေးတဲ့ ကောမန့်  ဆိုလဲ မမှားဘူးပေါ့။

ကျွန်တော် ၂၀၀၉ ဇန်နဝါရီ ၂၈ ရက်နေ့ မှာ “တစ်ခါတုန်းက တစ်နေရာ” ဆိုတဲ့ ကဗျာနှင့်ပဲ ဘလော့အိမ်ကို လူမသိသူမသိ ဘလော့ရွာမှာ စတင်တည်ဆောက်ခဲ့တယ်။ ကဗျာလေးပုဒ် ရေးပြီးတဲ့အချိန်ထိ လူကြားမှာ ချပြဖို့  မဝံ့မရဲ ဖြစ်နေတုန်းပါပဲ။ လမ်းညွှန်ဆိုင်းဘုတ် လည်းမတပ်ခဲ့သလို နီးစပ်ရာအိမ်တွေ လည်ရကောင်းမှန်းလည်း မသိခဲ့ပါဘူး။ ဘလော့ မလုပ်ခင်ကတည်းက ရင်းနှီးတဲ့ မကြယ်ပြာ နှင့် မမြရေလျဉ် တို့ နှစ်ယောက်ကို လာလည်ဖို့  ဘလော့လိပ်စာကို ရင်တထိတ်ထိတ်နှင့် စပေးခဲ့တယ်။ မနက်ခင်းနှင့်အတူ လွမ်းနေဆဲ ဆိုတဲ့ ပိုစ့်မှာ အဦးဆုံး ကောမန့် ကို မကြယ်ပြာ ဆီကနေ ရရှိခဲ့သလို သူ့ အိမ်မှာလည်း လင့်ချိတ်ပေးခဲ့သေးတယ်။ အဲဒီ ကောမန့် ဟာ ကျွန်တော့်ဘလော့ရဲ့  ခြေလှမ်းအစ ကို ချိုမြိန်စေခဲ့တယ်။

လမ်းလျှောက် တတ်ကာစ ကလေးတစ်ယောက် အတွက် ယုံကြည်မှု ဆိုတာ မရှိမဖြစ် လိုအပ်သလိုပဲ ဘလော့ရေးခါစ အစောပိုင်းကာလတွေမှာ အားပေး တွဲခေါ်ခဲ့ကြတဲ့ ကောမန့် ပိုင်ရှင်တွေဆိုလည်း မေ့လို မဖြစ်တဲ့ တွဲလက်များတွေပါ။ နောက် ဘလော့စတင်ပြီး ယနေ့ အထိ မြေသြဇာ ဖြည့်ပေးခဲ့ကြတဲ့ ကောမန့် စကားလုံး အားလုံးအားလုံး တွေ ကြောင့် ကျွန်တော်အိမ် ရှင်သန်ရပ်တည် နိုင်ခဲ့တယ်ဆိုတာ မပိုသော စကားတွေပါ။ ကဆုန်ပေါက်နေသော ကောမန့် စကားလုံးများလို့ တိတ်တိတ်လေး ကျွန်တော် နာမည် ပေးထားတဲ့ ဒီကော်မန့် အားလုံးကို ရင်နှင့်အမျှ တန်ဖိုးထားပါတယ်။

အပင်တစ်ပင်စိုက်ရင် သီးပွင့်လာမဲ့ သစ်သီးတွေ မျှော်ရသလို ကျနော့် ရေးလိုက်တဲ့ ကဗျာမဟုတ် စာမဟုတ် ခေါင်းစဉ်တပ်လို့ မရတဲ့ စာတစ်ချို့ အတွက်လည်း အားနာနာနှင့်ပဲ ကောမန့် တွေ ထပ်မျှော်နေမိအုံးမှာပါ။ တဂ်ပိုစ့်အဖြစ် တဂ်ထားကြတဲ့ ကိုသားကြီး နှင့် ရေတမာ တို့  ကျေနပ်ကြမယ်လို့  ထင်ပါတယ်။ တဂ်ပိုစ့် ဆိုတဲ့အတိုင်း ထပ်တဂ်ချင်ပါတယ်။ ဘယ်သူပေါက်လဲဆိုတာ ကံစမ်းမဲ နှိုက်ကြည့်ကြပါလား။ ပျော်စေချင်လို့  :)
ကံစမ်းမဲ.........

17 comments:

kyalkalay said...

တစ် ယူပါတယ်

kyalkalay said...

ကော့မန့် လိုချင်လို့ blog ရေးတာမဟုတ် ခဲ့ဘူး
ဒါပေမဲ့ ရေး ရင်း ကော့မန့် မရတော့ ငိုခြင် လာတယ်
အထီးကျန်လာတယ် ရေးဖို့အားမရှိတော့ဘူး

ခုတော့ မျှော်လင့်တတ်နေပီ

kyalkalay said...

ကော့မန့် လိုချင်လို့ blog ရေးတာမဟုတ် ခဲ့ဘူး
ဒါပေမဲ့ ရေး ရင်း ကော့မန့် မရတော့ ငိုခြင် လာတယ်
အထီးကျန်လာတယ် ရေးဖို့အားမရှိတော့ဘူး

ခုတော့ မျှော်လင့်တတ်နေပီ

သီဟသစ် said...

တော်သေးတယ်ဟ
ကံစမ်းမဲ မပေါက်ဘူး

:D

ကောမန့်တွေက တကယ့်ကို အားတွေပေးပါတယ်ကွယ်

ခင်မင်စွာဖြင့်
သီဟသစ်

Sein Lyan Tun said...

ကော့မန့်က အားကို ဖြစ်စေ၏

ထိုကော့မန့် ကြောင့် သံယောဇဉ်(မမြင်ရသော) ဖြစ်ရသည်


အားတွေကိုဖြစ်စေသည်.

တူရီးတော်ရေ အားတင်းထား


ကော့မန့် များနဲ့  ဘလော့ကိုဆက်မယ်


ချစ်ခင်စွာဖြင့်

ဘကြီးတော်

ခြေလှမ်းသစ် said...

ကော့မန့်တွေက စာပြန်ရေးဖို့ အားတွေဖြစ်စေပါတယ် ဒါပေမယ့် မိမိရေးချင်ရာကို ကော့မန့် မရလို့ ထိုင်စောင့် နေလို့တော့ မဖြစ်ဘူးနော်...

သားကြီး said...

ကျေးဇူးပါသယ်ရင်းရေ
ကဆုန်ပေါက်နေသောကောမန့်များကို
လိုတိုရှင်းနဲ့လှလှပပလေးရေးဖွဲ့သွားတဲ့အတွက်
ရော tagကိုမအားတဲ့ကြားကရေးပေးတဲ့အတွက်ရောပေါ့
(ခုနောက်ပိုင်းပိုစ်တင်တာကြာလို့မအားဘူးလို့ယူဆလို့ပါ)
ရှေ့ဆက်လျှောက်ကြရအောင်လားကွာ..နော် :)

မိုးစက်အိမ် said...

အရိုးရှင်းဆုံး ခံစားချက်လေးတွေ
ရေးသွားတာ ကောင်းတယ်ဗျာ...
တကယ်ပါဗျာ ဘာရယ်တော.မဟုတ်ပါ
ဘူး တူတော.မတူဘူးပေါ.ဗျာ အလေးအနက်
လေးဖတ်ပြီး တကယ်ကိုရင်နဲ. ရင်းပြီး အချိန်
ပေးဖတ်ပြီး ပေးခဲ.တဲ. ကော်မန်.တွေက
တန်ဖိုးဖြတ်မရ နိုင်သလို ရှင်သန်ဖို.လဲ အား
တွေ ဖြစ်စေတာတော. အမှန်ဘဲဗျို. ...
ခင်မင်စွာ ဖြင်. ....

မငုံ said...

ကော့မန့်တွေက တကယ့်ကို အားဆေးတစ်ခွက်ပါ။

Angel Shaper said...

ကဆုန်ပေါက်နေသော ကောမန့်များကိုဖတ်ရှု သွားပါတယ်လို့ ။ တကယ်ပဲ ကောမန့် တွေဟာ အားတွေပေးပေးသွားတာပါ။

ဇော် said...

ကိုည
ပျောက်ချက်သားကောင်းနေတယ်နော။
စာအရေးအသားကောင်းရဲ့နဲ့ ပျောက်ချက်သားကောင်းနေတာတော့ မကောင်းဘူးဗျာ။ ကျနော်တို့အတွက် ဖတ်စရာ အိမ်တစ်အိမ်လျော့တာပေါ့နော်။ =)

Dream said...

မှားပါတယ်...ဟင့်...ထိပ်ဆုံးကကို တက်ဂ်ခံထိတော့တာပဲ.....ဟင့်...အူးအူးအလယ်လွန်
လူဆိုး... တူညားကို အလွတ်မပေးဘူး ...ဗြဲ...၀ဲ...အဲ...အဲ့...နိုချင်ရယ် နိုချင်ရယ်...
(ကံစမ်းမဲ တစ်ရတာ ဘာပေးမှာလဲဟင်...မုန့်ဝယ်ကျွေးရမယ်နော်..
ဒါပဲ....အဟတ်)

Dream said...

မှားပါတယ်...ဟင့်...ထိပ်ဆုံးကကို တက်ဂ်ခံထိတော့တာပဲ.....ဟင့်...အူးအူးအလယ်လွန်
လူဆိုး... တူညားကို အလွတ်မပေးဘူး ...ဗြဲ...၀ဲ...အဲ...အဲ့...နိုချင်ရယ် နိုချင်ရယ်...
(ကံစမ်းမဲ တစ်ရတာ ဘာပေးမှာလဲဟင်...မုန့်ဝယ်ကျွေးရမယ်နော်..
ဒါပဲ....အဟတ်)

နွေးနေခြည် said...

ဟုတ်တယ်နော်...
ကွန်းမန့်လေးတွေက အားဆေးလေးတွေပဲနော်...

ကံစမ်းမဲတော့ မနှိုက်တော့ဘူး ... ဟီးးးးးးးး
(ခိုးနှိုက်သွားတယ်)

ကိုရေတမာ said...

ဒဿနလေးကြိုက်တယ်.. စာသားအသုံးအနှုံးတွေကြိုက်တယ်.. ခဏခဏမရေးတာလေးပဲပြောစရာရှိတယ်

Mogok Thar said...

ရင်နဲ့ ရင်းပြီး ဖတ်ရ ကြည်နူးရတဲ့ ကော်မန့်လေးတွေဟာ စာရေးသူတွေအတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ ပီတိခွန်အားတွေပါ။
ကဆုန်ပေါက် မဖတ်၊ သေချာ ဖတ်သွာပြီး သေချာ မန့်ခဲ့ပါတယ် ညီလေးရေ။

သုခုမလေဒီ said...

ဘလော့ဖွင့်တိုင်း ကိုယ်တင်ထားတဲ့ပိုစ့်မှာ ကော့မန့် လေးတွေ ဘယ်လောက်ရှိသလဲ ကြည့်ကြည့် နေမိတာ ဘလော့ရေးတဲ့သူတိုင်းဖြစ်တတ်ကြမယ်ထင်ပါတယ်။
ကျွန်မကတော့အဲလိုပဲမို့ ပါ။ ကော့မန့် တွေဟာ ကျွန်မ အတွက်တော့ အားဆေးတွေပါပဲ။
အဆင်ပြေပျော်ရွှင်ပါစေနော်။

 

Posts Comments

©2006-2010 ·TNB