မော်လမြိုင်(GTI/GTC/GTU) ကျောင်းသား/ကျောင်းသူဟောင်းများ စုပေါင်းဘုံကထိန်ကို Topayo မြန်မာဘုန်းကြီးကျောင်းမှာ ယနေ့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ဒီနှစ်ဆိုရင် ဒုတိယကြိမ်မြောက် ရောက်ရှိခဲ့ပြီးပေါ့။ မနှစ်တုန်းက Eunos မြန်မာဘုန်းကြီးကျောင်းမှာ ပထမကြိမ်မြောက် စီစဉ်ကျင်းပခဲ့တာပါ။
အပေါ်မှာ ပဒေသာပင်ကို အမှတ်တရ ဓါတ်ပုံရိုက်ခဲ့ပါတယ်
ဘုန်းကြီးကြွလာတဲ့အချိန်မှာ ငါးပါးသီလခံယူခြင်း၊ ကထိန်သင်္ကန်းကပ်လှူခြင်း၊ ပဒေသာပင် ဆက်ကပ်ခြင်း တို့ ပြီးတဲ့နောက် ရေစက်ချအမျှဝေကာ စုပေါင်းဘုံကထိန်အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။
12 comments:
သာဓုခေါ်ဆိုပါတယ်သယ်ရင်း
မော်လမြိုင်လို့ပြောလိုက်ရင်လွမ်းတယ်ကွာ
ဒီမှာလည်းဘုန်းကြီးပင့်ပြီးတရားပွဲလေးလုပ်ဖူးတယ်သယ်ရင်းရ
ဘုန်းကြီးကမိုးလင်းမှကြွလာမှာဆိုတော့ မောင်သားကြီးတို့အိုးသူကြီးအဖွဲ့က ညကတည်းကကြိုရောက်ပြီးချက်တန်တာချက်
ကြော်တန်တာကြော် ၊ သောက်တန်တာသောက်လုပ်နေတာ အဟီး
အသောက်ကများသွားတယ်သယ်ရင်းရ
မိုးလင်းတဲ့အထိဂစ်တာကြီးတီးပြီးတော့ဝေနေလိုက်ကြတာ ဘုန်းကြီးမျက်နှာဖြူသလား?
မဲသလား?မသိလိုက်ဘူး
ခေါင်းကိုက်ပြီးတော့ပဲတစ်ရက်ပြီးသွားတယ်
နောင်တရလိုက်တာတစ်ကယ်ပဲ
ငရဲရောက်မယ့်သားကြီးတို့အဖွဲ့ပေါ့ :(
သာဓု သာဓု သာဓု ပါ ကိုတလနွန်ရေ... မနေ့ကလည်း ၀ါးတီးပေးကြသေးတယ်ဆို... အားကျပါရဲ့... :)
မွန်ကြီးရေ....
ချင်းလေး လာပြီး သာဓုခေါ်သွားပါတယ်နော်။ အဟဲ
အပေါ်က ကိုသားကြီးကတော့ ကြွားလုံးထုတ်နေပါရဲ့ သူငရဲကျမဲ့ အရေး ဟေးးးဟေးးးးး
သာဓု သာဓု သာဓု နောင်နှစ်မှာလည်း ခုလို လှုနိုင်တန်းနိုင်ပါစေ
ငါလဲ ပြန်ချင်လာပြီး မော်လမြိုင်ကို သတိရလွန်းလို့
တလနွန် ရေသာဓုပါတော်
သာဓု. သာဓု.. သာဓု.ခေါ်ပါတယ်ဗျာ။
ခင်မင်လေးစားလျှက်
ညီညီ(အနာဂါတ်သံစဉ်)
သာဓု ခေါ်ပါတယ်ဗျာ ကောင်းသောအလုပ် မြတ်သော အမှု ဆက်လက်ပြုနိုင်ကြပါစေဗျာ ...
မော်လမြိုင် ရောက်ဖူးချင်လိုက်တာ ခြောက်သီးဆေးပြားဘူးပဲ မြင်ဖူးတာ မော်လမြိုင်ဆိုလို့ ဟိ။ ပုံတွေနဲ့ဝေဝေဆာဆာ ကောင်းတယ်ဗျာ
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး
သာဓုခေါ်ပါတယ်သယ်ချင်း ...
ဗမာပြည်အနှံ့ရောက်ခဲ့ပေမယ့်၊ မော်လမြိုက်ဘက်တော့ မရောက်ဖြစ်သေးဘူး ..
အမျှယူမလို့ လာတာပါ။ အခုပုံလေးတွေကြည့်ပြီး သာဓုခေါ်သွားပါပြီ ...=)
Post a Comment