ရာသီစာ အလွမ်း

Monday, June 21, 2010



ဟိုး..မိုးမြင့်တောင်တန်းဆီက
ပြိုတော့မယောင်လွမ်းနေတဲ့
ခပ်နွမ်းနွမ်းတိမ်တိုက်တွေလို
အလွမ်းရင့်ရင့် ရာသီမှာ
ပန်းပွင့်တွေကို စာစီရင်း
ရင်တွင်းက တမ်းတမျှော်လင့်
တကယ်တမ်း ဆုံဆည်းခွင့်ဟာ
အိပ်မက်မြေရဲ့  တစ်နေရာ….

11 comments:

ရေတမာ said...

ဘယ်တွေပျောက်
အင်း ကဗျာဖတ်ပြီး မျက်ရည်တောင် ဘယ်ကထွက်ရမှန်းမသိဘူးးP
ဆုံဆည်းဖို့နေရာရှိသေးတာပဲ ဘာပူနေတာတုန်း

ကောင်းကင်ပြာ said...

ဟုတ်လို့ လား....

မိုးစက်အိမ် said...

တိုတိုလေးနဲ့ ထိမိတယ်ဗျာ အလွမ်းရင့်ရင့်
လေးတွေကဗျာမှာရော ယှက်ဖြာဆင်းနေ
လေရဲ့  . . . :)

နေ၀သန် said...

မိုက်တယ်ဗျာ.. ကဗျာလေးက တိုပေမယ့် ဒက်ကနဲပဲ.....

ခင်မင်တဲ့
နေ၀သန်

noblemoe said...

အင်းပိုစ့်မတင်ဖြစ်ပေမဲ့  တင်တော့လည်း ထိထိမိမိပါပဲလား ဘာလဲကောင်မလေးကိုလွမ်းနေပြီပေါ့  အင်းးးလွမ်းနေလို့ တော့ဘာမှမထူးဖူးနော် ကြိုးစားထားပါကွဲ့  အိမ်မက်မြေမဟုတ်တဲ့ လက်တွေ့ တွေကို ဖန်တီးနိုင်ပါစေနော်....
သာယာချမ်းမြေ့ပါစေနော်
မိုး

ခရေညို said...

ကဗျာလေးက လွမ်းစရာကောင်းလိုက်တာ

မိုးခါး said...

အေးလေ
ဘယ်ပျောက်နေပါလိမ့်လို့ သူက အိမ်တွင်းအောင်းပြီး လွမ်းနာကျနေတာကိုး ... :P

ဏီ(န်)ကင်း said...

ဆုံဆည်းဖို့နေရာက...အိပ်မက်ထဲမှာတဲ့လား..
ရင်ထဲကလာတာလေးတွေကိုဖတ်သွားတယ်ကိုယ့်လူ...
နေကောင်းအောင်နေပါ...
လင့်ကိုပြန်ချိန်းပေးဦး...

မွန်ရူးဟမိုင် said...

လာရောက် စားသုံးသွားပါတယ် ။အတွေးလေးတွေ ကောင်းတယ်ဗျို့။

ဏီ(န်)ကင်း said...

လွမ်းလှချည်လား..အကြည်တော်ရဲ့....

ဖြိုးမောင်မောင်(CTM) said...

ရောက်ခဲ့ပါတယ်

 

Posts Comments

©2006-2010 ·TNB